6.0
2,000
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.6 GB

Credit

200

The Treacherous (2015)

Crime, Drama, History

Credits 200

ကိုရီးယားသမိုင်းရဲ့ ဖြစ်ရပ်မှန်တချို့ကို အခြေခံရိုက်ကူးထားတဲ့ကိုရီးယားနန်းတွင်းကားပဲဖြစ်ပါတယ်...နန်းတွင်းကားဆိုတော့ သိကြတဲ့အတိုင်းပဲအရှုပ်တော်ပုံတွေကတော့ တော်တော်များတယ်...ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ဘုရင်ရန်ဆန်ဂွန်ဟာအရမ်းရက်စက်ပြီးတော့ ကာမစိတ်ပြင်းထန်သူတယောက်ဖြစ်တယ် နန်တွင်းမှာတင်မက တိုင်ခန်းလှည့်လည်ပြီးတော့ကို လမ်းမှာတင် ကာမဆက်ဆံမှုတွေပြုတဲ့အထိကိုပါပဲအဲ့ဒီလောက်အထိကို ဆိုးဝါးတဲ့ ဘုရင်တစ်ပါးဖြစ်တယ်အန်ဆွန်ဂျန်နဲ့သူ့အဖေအန်ဆာဟွန်ကတော့ ဘုရင့်ရဲ့ယုံကြည်ရတဲ့အကြံပေးသားအဖနှစ်ယောက်ပေါတနေ့မှာတော့ မင်းကြီးစိတ်ကြိုက် အသုံးတော်ခံနိုင်မယ့်လူရွေးပွဲတပွဲရှိလို့လာပါတော့တယ်လူရွေးပွဲဆိုတာကလည်း ရှိသမျှမိန်းမအများအပြားထဲမှာမှ အကောင်းဆုံးသောသူတယောက်ကို သာရွေးချယ်သွားမှာဖြစ်ပါတယ် အဲ့ဒီမှာတင် ရှိသမျှ အပျိုတွေရော လင်ရှိမိန်းမတွေရောကို နန်းတော်ထဲကို အများအပြားခေါ်လာရမယ့်အချိန်မှာအမတ်ဂျိုရဲ့ သမီးလည်း အပါအဝင်ဖြစ်လာပါတော့တယ်သူ့ရဲ့တဦးတည်းသော သမီးလေးမပါဝင်စေရေးအတွက်....သားသတ်သမားမိန်းကလေးဂျိုကာဟဲဟာ သမီးအယောင်ဆောင်ပြီး နန်းတွင်းထဲကိုလိုက်ပါသွားပါတော့တယ်ဂျိုကာဟဲ ဘာလို့နန်းတွင်းထဲကိုဝင်ချင်ရတာလဲ... ဒါကလည်းမြုပ်ကွက်တခုအနေနဲ့ပါဂျိုကာဟဲဟာ ဘုရင်ကြီးကို ဆွဲဆောင်နိုင်အောင်အဆင့်ဆင့်လေ့ကျင့်ခဲ့ရပုံတွေ (ဥပမာ-ဖရဲသီးကို ညှပ်ခွဲပြတာတို့ဘာတို့ပေ့ါ)တဦးတည်းသာရွေးမှာဖြစ်တဲ့အတွက် ပြိုင်ဘက်တွေထက်သာအောင် အမတ်အန်ဆွန်ဂျန်ကတိတ်တိတ်လေးလေ့ကျင့်ခဲ့ရပုံတွေ....အချစ် အမုန်းတွေကို ရသစုံရိုက်ကူးထားတဲ့ကားလေးတကားပါ("အကြမ်း"လို့တော့ ထည့်မရေးတော့ဘူး ကြမ်းမယ်မှန်းသိပြီသားကို...:P)