6.5
223,412
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4.2 GB

Credit

200

The Chronicles of Narnia: Prince Caspian (2008)

Action, Adventure, Family

Credits 200

Fantasy ရုပ်ရှင်တွေ ကြိုက်နှစ်သက်သူတွေအတွက် အကောင်းဆုံးတွေထဲက တစ်ခုကို တင်ပေးလိုက်ပါတယ်။ နာနီယာရုပ်ရှင် စုစုပေါင်း ၃ ကားထွက်ရှိထားပါတယ်။ ဒီရုပ်ရှင်တွေရဲ့ မူလဝတ္ထုကိုတော့ နာမည်ကျော် အင်္ဂလိပ် စာရေးဆရာကြီး C.S.Lewis ရေးသားခဲ့တာပါ။ Lewis ဟာ the lord of the rings စာအုပ်တွေကို ရေးသားခဲ့သူ J.R.R.Tolkien နဲ့ မိတ်ဆွေရင်းဖြစ်ပြီး သူရေးသားခဲ့တဲ့ နာနီယာ ၇ အုပ်ဟာ ခေတ်ပြိုင်ကျော်ကြားခဲ့ပါတယ်။ ရုပ်ရှင်အနေနဲ့တော့ စာအုပ် ၃ အုပ်ကိုပဲ ရိုက်ကူးနိုင်ခဲ့သေးပါတယ်။ မူရင်းစာအုပ်ရဲ့ လှပတဲ့ စိတ်ကူးတွေ ခမ်းနားတဲ့ ဇာတ်ကောင်တွေနဲ့ ကြည်နှုးဖွယ် ရှုခင်းတွေကို အကောင်းဆုံး ပုံဖော်ပေးခဲ့တဲ့ ဇာတ်ကားတွေပါပဲ။ ဒီရုပ်ရှင်ကတော့ ဒုတိယမြောက်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမှာတော့ နာနီယာကို ဘုရင်နဲ့ဘုရင်မတွေဖြစ်တဲ့ ပီတာ၊အက်မွန်၊ဆူဆန်နဲ့လူစီတို့ စွန့်ခွာသွားပြီးချိန်က စပါတယ်။ မောင်နှမလေးယောက်ဟာ အင်္ဂလန်ကို ပြန်ရောက်တာ တစ်နှစ်ပဲ ရှိသေးပေမယ့် အချိန်စက်ဝန်းကွာခြားမှုအရ နာနီယာမှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပါပြီ။ နာနီယာဟာ ဘုရင်တွေနဲ့အိုက်စလန်မရှိချိန်မှာ ကျူးကျော်သူ လူသားတွေ သိမ်းပိုက်တာ ခံလိုက်ရပြီး သတ္တဝါတွေဟာ ပုန်းရှောင်နေကြရပါတယ်။ နာနီယာရဲ့ လက်ရှိဘုရင်မျိုးဆက်ဖြစ်တဲ့ ကတ်စ်ပီယန် ဘုရင်ကြီးသေဆုံးသွားချိန် မင်းသားလေးရဲ့ ဦးလေးက ထီးနန်းကို သိမ်းယူပြီး မင်းသားကို လုပ်ကြံဖို့ ကြိုးစားလာပါတယ်။ မင်းသားကတ်စပီယန်ဟာ နန်းတော်က ထွက်ပြေးရင်း မှော်သတ္တဝါတွေနဲ့ တွေ့ဆုံပြီး သူနဲ့အတူပါလာတဲ့ ဘုရင်မဆူဆန်ရဲ့ ဦးချိုခရာ( အပိုင်း ၁ တွင် လက်ဆောင်ရခဲ့သော မှော်ပစ္စည်း) ကို မှုတ်လိုက်မိချိန်မှာ ဘုရင်လေးပါး နာနီယာကို ပြန်ရောက်လာပါတော့တယ်။ ဘုရင်ဟောင်းလေးပါးနဲ့ မင်းသားကတ်စ်ပီယန်တို့ ပူးေါပင်းပြီး လူသားတွေကို ဘယ်လို ပြန်ဖြုတ်ချမလဲဆိုတာ…..