7.4
313,611
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

5.8 GB

Credit

500

Uncut Gems (2019)

Crime, Drama, Thriller

Credits 500

လက်ထဲပိုက်ဆံရှိတာနဲ့ သုံးပစ်လိုက်မိတဲ့အကျင့်ရှိလို့ စိတ်ညစ်နေလား။ ဒါဆိုရင်တော့ Uncut Gems ကို ကြည့်လိုက်ပါ။ ရသမျှပိုက်ဆံအားလုံး လောင်းကစားလုပ်ပစ်တဲ့ ဟော့ဝဒ်ကို ကြည့်ပြီး ငါသူလောက်တော့မဆိုးသေးပါလားဆိုပြီး အားတက်သွားပါလိမ့်မယ်။ ဇာတ်လမ်းကတော့ လက်ဝတ်ရတနာဆိုင်ပိုင်ရှင် ဟော့ဝဒ်က လောင်းကစားဝါသနာအိုးဖြစ်လို့ ပြသနာပေါင်း သောင်းခြောက်ထောင်နဲ့ အသားကျနေတဲ့သူပါ။ ဒါပေမဲ့ သူ့ဆီကိုအီသီယိုပီးယားက ကျောက်ရိုင်းတစ်တုံးရောက်လာတဲ့အခါ ဒီတစ်ကြိမ်တော့ ကံကြမ္မာက မျက်နှာသာပေးလေမလား၊ ထပ်ပြီးကံဆိုးနေဦးမလားဆိုတာကို ကြည့်ရှုခံစားကြည့်လိုက်ပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ marip pan ဖြစ်ပါတယ်