6.7
538,125
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.6 GB

Credit

200

The Matrix Revolutions (2003)

Action, Sci-Fi

Credits 200

ဒါရိုက်တာတွေဖြစ်တဲ့ Wachowski တို့ဟာ Matrix ရုပ်ရှင်ရဲ့ Idea နဲ့အတူ Warner Bros. ကို ချဉ်းကပ်ခဲ့စဉ်က ရုပ်ရှင်အတွက် Budget $80 million ကိုတောင်းခဲ့ပါတယ်။ သို့ပေမဲ့ Warner က $10 million ပဲပေးခဲ့ပါတယ်။ ဒါနဲ့ပဲ Wachowski တို့ဟာ ပေးတဲ့ $10 million ကိုယူပြီး အဲငွေတွေနဲ့ပဲ The Matrix ရဲ့ ပထမဆုံး ဇာတ်ဝင်ခန်းဖြစ်တဲ့ Carrie-Anne Moss ရဲ့ ဆယ်မိနစ်ကြာ Action ခန်းကိုရိုက်ကူးခဲ့ပြီး Warner ကိုသွားပြပါတယ်။ အဲတော့မှ Warner က တာဝန်ရှိသူတွေက သဘောကျသွားပြီး တောင်းထားတဲ့ Budget ကိုထုတ်ပေးခဲ့ပါတယ်။ အဲဒီ ပထမဆုံး ဇာတ်ဝင်ခန်းဟာလည်း ရိုက်ကူးဖို့ (၆) လလောက် လေ့ကျင့်ခဲ့ရပြီး ၄ ရက်ကြာ ရိုက်ခဲ့ပေမဲ့ ရုပ်ရှင်ထဲမှာတော့ ဆယ်မိနစ်သာကြာပါတယ်။သိုင်းပညာရှင် Woo-Ping Yuen ဟာ The Matrix မှာ ပါဝင်ဖို့ ငြင်းဆိုခဲ့ပြီး သူ့ကို Wachowskis တို့က ထပ်မခေါ်အောင်ဆိုပြီး ငွေပိုတောင်းပါတယ်။ ဒါကိုလည်း သူ့ကိုရုပ်ရှင်မှာပါဖို့ ခေါ်နေတုန်းပါ။ ဒါကြောင့် Yuen ဟာ ဘယ်လိုမှမဖြစ်နိုင်တဲ့ တောင်းဆိုမှုလို့ ထင်ရတဲ့ “ဇာတ်လမ်းပါ သရုပ်ဆောင်တွေကို ၄ လကြာ သိုင်းသင်ပေးပြီး တိုက်ပုံခိုက်ပုံတွေအကုန်လုံးကို ထိန်းချုပ်ခွင့်ပေးမှ လုပ်ပေးမယ်” လို့ပြောခဲ့ပါတယ်။ Wachowskis တို့က လက်ခံခဲ့ပါတယ်။ The Matrix ဇာတ်ဝင်ခန်းတွေထဲက Matrix ထဲမှာဖြစ်ပျက်နေသမျှအားလုံးကို အစိမ်းရောင်ဖျော့ဖျော့ထည့်ထားပါတယ်။ ဆိုတော့ ကြည့်နေရသူဟာ ကွန်ပျူတာ ဖန်သားပြင်ကတစ်ဆင့် ကြည့်နေရသလိုဖြစ်အောင်ပါ။ အပြင်လောကမှာဖြစ်နေတဲ့ဟာတွေဆိုရင် အပြာရောင်ဖျော့ဖျော့ သုံးတယ်ဆိုရုံ သုံးထားပါတယ်။ Morpheus နဲ့ Neo တို့နှစ်ယောက် တိုက်တဲ့အခန်းကတော့ Matrix မှာရော အပြင်လောကမှာရော မဟုတ်တဲ့အတွက် အဝါရောင်ဖျော့ဖျော့သုံးထားပါတယ်။အဝတ်အစား ဒီဇိုင်နာ Kym Barrett အဆိုအရ ဇာတ်ကောင် Trinity ရဲ့ ဝတ်စုံဟာ ဈေးကြီးဝတ်စုံမဟုတ်ပါဘူး။ Budget အတွက် ဈေးပေါတဲ့ PVC သားနဲ့လုပ်ထားတာပါ။ အဲလိုပဲ Neo ရဲ့ coat ကလည်း တစ်ကိုက်ကို ၃ ဒေါ်လာပဲပေးရတဲ့ အစနဲ့လုပ်ထားတာပါ။ဇာတ်လမ်းရဲ့ ပထမဆုံး ၄၅ မိနစ်အတွင်း Neo ဟာ Dialogue အကြောင်း ၈၀ ခန့်ပြောပါတယ်။ အဲထဲက တစ်ဝက်ကျော် ဖြစ်တဲ့ ၄၄ ကြောင်းက မေးခွန်းတွေမို့လို့ စကားတစ်ခွန်းကို မေးခွန်းတစ်ပုဒ်နှုန်းဖြစ်နေပါတယ်။ရုပ်ရှင်စစချင်းက Phone trace program မှာပါတဲ့ နေ့စွဲက 19.2.98 ဖြစ်ပြီး ဇာတ်သိမ်းမှာပါတဲ့ နေ့စွဲက 18.9.88 မို့လို့ ရုပ်ရှင်ထဲက အဖြစ်အပျက်တစ်ခုလုံးဟာ (၉) လ ကြတဲ့သဘောပါ။ ဇာတ်လမ်းထဲက MetaCortex ရုံးခန်းပြင်ပမှာ ဖုန်းပြောတဲ့ ဇာတ်ဝင်ခန်းအတွက် မင်းသား Keanu Reeves ဟာ စတန့်မသုံးဘဲနဲ့ ၃၄ ထပ်မှာရှိတဲ့ ပြူတင်းပေါက်မှာ တက်ရိုက်ခဲ့တာပါ။Neo နေရာမှာသရုပ်ဆောင်ဖို့ Will Smith ကို ကမ်းလှမ်းခဲ့ပါသေးတယ်။ သို့ပေမဲ့ Will Smith ဟာ Wild Wild West မှာသရုပ်ဆောင်ဖို့ရှိလို့ ငြင်းဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း Will Smith က “ကျွန်တော်က အဲဒီတုန်းက မရင့်ကျက်သေးတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ ကျွန်တော်သာ ရိုက်ဖြစ်ခဲ့ရင် တလွဲတွေဖြစ်ကုန်မှာ။ အဲအတွက် ကျွန်တော် မပါခဲ့ရတာ နောင်တမရပါဘူး။ Keanu က အင်မတန်ကောင်းတဲ့ Neo ပါ” လို့ပြောခဲ့ပါတယ်။ Nicolas Cage ကိုကမ်းလှမ်းခဲ့သေးပေမဲ့ မိသားစုကိစ္စတွေကြောင့် ငြင်းဆိုခဲ့ပါတယ်။ Tom Cruise ကိုလည်း ခေါ်ဖို့လုပ်ခဲ့ပါသေးတယ်။ရဟတ်ယာဉ်နဲ့ ဇာတ်ဝင်ခန်းကြောင့် ရုပ်ရှင်ရိုက်ကူးရေးတစ်ခုလုံး ဖျက်သိမ်းရမလိုတောင်ဖြစ်ခဲ့ပါသေးတယ်။ ဘာလို့ဆို ရိုက်ကူးရေးက ရဟတ်ယာဉ်က Sydney က လေကြောင်းကန့်သတ် နယ်မြေအတွင်းမှာ ပျံခဲ့လို့ပါ။ ဒီလိုနဲ့ပဲ The Matrix ရုပ်ရှင်ဆက်ရိုက်နိုင်ဖို့ Australia ရဲ့ New South Wales ပြည်နယ် က စည်းမျဉ်းဥပဒေအချို့ကို ပြင်ဆင်ခဲ့ရပါတယ်။The Matrix ရုပ်ရှင်ထဲရဲ့ နာမည်ကျော် အမှတ်တံဆိပ်လို့ပြောလို့ရတဲ့ နေကာမျက်မှန်တွေရဲ့ အမှတ်တံဆိပ်ဟာ လက်လုပ်မျက်မှန်တွေရောင်းချတဲ့ Blinde ဖြစ်ပါတယ်။ အဲဒီနေကာမျက်မှန်ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူ Richard Walker ဟာ ဒီရုပ်ရှင်မှာပါနိုင်ဖို့အတွက် တင်ဒါတင်တာမှာ တခြားကုမ္ပဏီကြီးတွေဖြစ်တဲ့ Ray-Ban နဲ့ Arnette တို့ကို ယှဉ်မရဖြစ်နေခဲ့ပါတယ်။ အဲဒါနဲ့ပဲ Walker ဟာ မျက်မှန် နှစ်လက်လောက်ကို Matrix ဇာတ်ကောင်တွေရဲ့ တမူထူးခြားနဲ့ နာမည်နဲ့လိုက်အောင် ကိုယ်တိုင်ဖန်တီးပြခဲ့ပါတယ်။ တင်ဒါအောင်သွားတယ်။ ဒါနဲ့ပဲ Walker ဟာ Matrix ရိုက်ကူးနေသမျှကာလပတ်လုံး Sydney မှာသွားရောက်နေထိုင်ပြီး ဇာတ်ကောင်တွေအတွက် မျက်မှန်တွေကို သီးသန့်ပြုလုပ်ပေးနေခဲ့ပါတယ်။The Matrix ရုပ်ရှင်ကို 2012 မှာတော့ U.S ကွန်ဂရက်စာကြည့်တိုက်က National Film Registry မှာသိမ်းဆည်းထားဖို့ ရွေးချယ်ခဲ့ပါတယ်။ရုပ်ရှင်တစ်ကားလုံးထဲက တိရစ္ဆာန်တွေအားလုံးဟာ CGI တွေလို့ဆိုပါတယ်။Morpheus ရဲ့ယာဉ်ပျံဖြစ်တဲ့ Nebuchadnezzar ဆိုတဲ့နာမည်ဟာ Daniel သမ္မာကျမ်းစာထဲက Babylon ဘုရင် Nebuchadrezzar II ကိုစွဲမှည့်ထားတာပါ။ ဘုရင်ကြီး Nebuchadrezzar the Great ဟာ ကျမ်းစာခေတ်ထဲမှာတော့ Israel ကိုသိမ်းပိုက်နိုင်ခဲ့မှုကြောင့် နာမည်ကျော်ကြားပြီး သူ့မိန်းမအတွက် ရှေးခေတ် World Wonder တစ်ခုဖြစ်တဲ့ Hanging Gardens of Babylon ကိုလည်း တည်ဆောက်ပေးခဲ့သူဖြစ်ပါတယ်။ရုပ်ရှင်အတွက် လက်နက်ထောက်ပံ့ပေးထားတဲ့ John Bowring အဆိုအရ Keanu Reeves လက်နက်တိုက်ထဲရောက်သွားတဲ့ ဇာတ်ဝင်ခန်းထဲက သေနတ်တွေဟာ ပလတ်စတစ်နဲ့လုပ်ထားတဲ့သေနတ်တွေပါ။ MP5K တွေဟာ 150-200 gram ကြားပဲလေးပါတယ်။ ဆိုတော့ Keanu တစ်ယောက် ပေါ့ပေါ့ပါးပါးနဲ့ သယ်ယူလှုပ်ရှားနိုင်မှာပါ။ ကြမ်းပေါ်ကိုလွှတ်ချရမဲ့အခန်းတွေအတွက်တော့ လေးလံအောင်လုပ်ထားတဲ့ သေနတ်တွေလည်းရှိပါတယ်။Morpheus နေရာမှာသရုပ်ဆောင်ဖို့ အတွက် Gary Oldman နဲ့ Samuel L. Jackson တို့ကို စဉ်းစားခဲ့ပါသေးတယ်။Lana နဲ့ Andy တို့ဟာ Neo နေရာမှာ Johnny Depp ကိုသုံးဖို့ စဉ်းစားထားတာလို့ဆိုပါတယ်။ ဒါပေမဲ့ Warner က Brad Pitt သို့မဟုတ် Val Kilmer ကိုလိုချင်တယ်။ နှစ်ယောက်လုံးက No ဆိုတော့မှ Johnny Depp စဉ်းစားပေးပါတယ်။ ဒါနဲ့ Johnny Depp နဲ့ Warner က လိုချင်တဲ့ Keanu Reeves တို့နှစ်ယောက်ကို ရွေးကြတဲ့အခါမှာတော့ Keanu က ရုပ်ရှင်ရဲ့ concept ကို လုံးဝအံကိုက် သရုပ်ဆောင်နိုင်လို့ အရွေးခံခဲ့ရပါတယ်။ရုပ်ရှင်ထဲမှာသံုံးကြတဲ့ cell phone တွေဟာ Nokia Stilleto’s သို့မဟုတ် 8110 တို့ဖြစ်ပါတယ်။ အဲဖုန်းတွေဟာ Europe နဲ့ Australia တို့မှာ ပဲရောင်းချပြီး အကန့်အသတ်နဲ့ထုတ်လုပ်ခဲ့ပါတယ်။ရုပ်ရှင်ရဲ့ 20% လောက်က Visual Effect တွေဖြစ်ပါတယ်။ရုပ်ရှင်သုံးကားလုံးမှာ Agent Smith တို့အဖွဲ့ ကိုင်တွယ်အသုံးပြုခဲ့တဲ့ သေနတ်ကတော့ Israel နိုင်ငံထုတ် Desert Eagle .50 ဖြစ်ပါတယ်။ (Counter Strike Gamer တွေအကြိုက်ပေါ့)ရုပ်ရှင်ရိုက်ကူးရေးမှာ နောက်ဆုံးရိုက်တဲ့အခန်းကတော့ Neo တစ်ယောက် ပလပ်စကျွတ်ပြီး pod ထဲက နိုးထလာတဲ့အခန်းပါ။ အဲအခန်းရိုက်ဖို့အတွက်လည်း Keanu Reeves ဟာ ၁၅ ပေါင် ဝတ်ချခဲ့ရပြီး တစ်ကိုယ်လုံးက အမွှေးအမျှင်တွေ ရိတ်ခဲ့ရပါတယ်။Sandra Bullock ဟာ Trinity နေရာကသရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရပေမဲ့ အဲအချိန်တုန်းက Neo အဖြစ်ရွေးမယ်ပြောထားတဲ့ မင်းသားနဲ့ တွဲပြီး သရုပ်မဆောင်တာ အဆင်မပြေလောက်ဘူးဆိုပြီး ငြင်းဆိုခဲ့ပါတယ်။ အဲနောက်မှ Keanu Reeves ကို Neo အဖြစ်ရွေးဖြစ်ခဲ့လေတော့ Bullock တစ်ယောက် နောင်တရခဲ့တယ်လို့ဆိုပါတယ်။မြေအောက် ရထားဘူတာမှာ ချကြတဲ့အခန်းရိုက်တာမှာ အစကတော့ တကယ့် ဘူတာမှာသွားရိုက်မလို့ပါ။ သို့ပေမဲ့ ရိုက်ရမဲ့ ဇာတ်ကွက်တွေ၊ သိုင်းကွက်တွေ၊ သရုပ်ဆောင်တွေကို ကြိုးတွေဆင်ရမှာတွေကများလို့ set မှာပဲရိုက်ဖြစ်ခဲ့ပါတယ်။ Set ဟာလည်း ရထားသိုလှောင်ရုံဟောင်းကြီးမှာ သွားဆောက်ထားတာဖြစ်ပြီး အဲမှာ တကယ့်ရထားသံလမ်းတွေရှိပါသေးတယ်။Trilogy တစ်ခုလုံးမှာ Neo သေနတ်ကိုင်တဲ့ တစ်ကားတည်းသော ရုပ်ရှင်ဖြစ်ပါတယ်။