မင်းသမီးကြီး Sarah Paulson (Ocean’s 8,Bird Box,12 Years a Slave,etc) ရဲ့ကားသစ်လေးပါဒီကားမှာတော့ အမျိုးသမီးတစ်ယောက်က သူ့သမီးလေးကို ခက်ခက်ခဲခဲ မီးဖွားပြီး ကလေးကိုလည်း မနည်းအသက်ကယ်ပြီးရှင်လာတာမလို့ သူ့သမီးလေးကို အရိပ်တစ်ကြည့်ကြည့်နဲ့ အရမ်းကိုချစ်ပါတယ်။
သူ့သမီးလေး ကလိုဝီကလည်း ငယ်ငယ်ကတည်းက ချူချာလှပြီး ဆေးတွေအများကြီးနဲ့ အသက်ဆက်နေရသူပေါ့။
ဒါပေမဲ့ တစ်နေ့မှာတော့ ကလိုဝီက သူသောက်နေရတဲ့ဆေးတွေဟာ ပုံမှန်မဟုတ်မှန်း ရိပ်မိသွားတဲ့အခါမှာတော့…သူတို့သားအမိမှာ ဘယ်လိုလျို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာ ဇာတ်ကားလေးထဲမှာ အဖြေရှာကြည့်ကြပါဦး
ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Nyi Nyi ဖြစ်ပါတယ်