6.5
349,492
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

3.7 GB

Credit

500

The Interview (2014)

Action, Adventure, Comedy

Credits 500

James Franco က Talk Show Host တစ်ယောက်ဖြစ်ပြီး Seth Rogen က Producer ဖြစ်ပါတယ်။ သူတို့ရဲ့ Show က အတည်ပေါက် Interview မဟုတ်ပဲနဲ့ ဟာသဆန်ဆန်ဖြစ်နေတာကြောင့် လူတွေလေးစားလောက်မယ့် Interview မျိုးလုပ်ချင်နေပါတယ်။ တစ်နေ့မှာ စာစောင်တစ်ခုက ဆောင်းပါးမှာ Kim Jong-un က သူတို့ Show ရဲ့ ပရိတ်သတ်ဖြစ်တယ်လို့ သိသွားရာကနေ Interview လုပ်ဖို့ဖြစ်လာပါတယ်။ ဒီကနေ အားလုံးသိတဲ့အတိုင်း CIA က Kim Jong-un ကို သတ်ပေးဖို့ တာဝန်ပေးလာပါတယ်။ တကယ်တမ်းမြောက်ကိုရီးယားကို ရောက်သွားတော့ James Franco ရဲ့ Character ဖြစ်တဲ့ Dave Skylark က Kim Jong-un ရဲ့ ညာတာခံရပြီး အစီအစဉ်တွေပြောင်းသွား ပုံကို ဟာသဆန်ဆန်တင်ဆက်ထားပါတယ်။ သုံးသပ်ချက်အနေနဲ့..... ရုပ်ရှင်ထဲမှာ မနှစ်သက်စရာတွေအနည်းငယ်ပါပေမယ့် လူသားအငွေ့အသက်တွေများစွာတွေ့ရပြန်တယ်။ စကားဆို စိတ်ထဲပါပါ မပါပါ လျှာပေါ်လေဝဲပြောတဲ့ အမေရိကန်စကားပြောပေါက်ကို ဘယ်သူမှမမီပါဘူး။ တစ်ဦးတစ်ယောက်က ဘယ်လိုတွေမမှန်တာတွေလုပ်ခဲ့ လုပ်ခဲ့ လူချင်းကိုယ်တိုင်တွေ့တဲ့အခါ “ မင်းလုပ်သလား ? ဟုတ်ရဲ့လား ? ” လို့ မေးပြီးမှ ယုံချင်တယ်။ ဒီလူက အခုကောင်းတာလုပ်ပြီဆိုရင် ဒုတိယအခွင့်အရေးပေးချင်တယ်။ အဲ .. သူတို့လက်တွေ့မှာ ယုံပြီဆိုတဲ့လူ လိမ်သွားပြီ ဆိုရင်တော့ မခံမရပ်နိုင်အောင် ဆန့်ကျင်ကြတယ်။ တရားမျှတမှုကို မြတ်နိုးတယ်။ အမှန်ကို အမှန်အတိုင်းရင်ဆိုင်တာကို လိုချင်တယ်။ ပြီးတော့ သိတဲ့အတိုင်း ဟောလီဝုဒ်ကားဆိုတော့ မိသားစုအတူထိုင်ကြည့်ဖို့ခက်တဲ့ လူကြီးကြိုက်အခန်းအနည်းငယ်တော့ မပါရင် မဖြစ်ပေဘူး။