6.7
3,339
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.5 GB

Credit

200

A Violent Prosecutor (2016)

Action, Comedy, Crime

Credits 200

Byun Jae Wook(Hwang Jun Min)ဟာ အစိုးရရှေ့နေအဖြစ်လုပ်ကိုင်လာတာကြာပါပြီ... သူဟာဒေါသကြီးတယ်စိတ်မရှည်ပြီးတော့ အလုပ်ကိုတိကျလုပ်တတ်တဲ့သူပါ...သူဟာအမှုစစ်တဲ့အခါကြမ်းတမ်းပြီးအမြဲမှန်ကန်တဲ့အတွက်ကြောင့်လည်းနာမည်ကြီးတဲ့သူပါ.. တစ်နေ့မှာတော့သူစစ်ဆေးတာဝန်ယူနေရတဲ့ပြစ်မှုတစ်ခုရဲ့သင်္ကာမကင်းတဲ့သူဟာစစ်ဆေးနေရင်းရုတ်တရက်သေဆုံးသွားပါတယ်... ဒါ့အပြင်သက်သေတွေအားလုံးကလည်းရှေ့နေJae Wookကိုပဲညွှန်ပြနေပါတယ်...အဲ့လိုနဲ့ရှေ့နေJae Wookဟာလူသတ်သမားအဖြစ် သတ်မှတ်ခံရပြီးထောင်ဒဏ်(၁၅)နှစ်မတရားကျခံခဲ့ရပါတယ်... သူဟာထောင်ထဲမှာစစရောက်ခြင်းသိပ်မရင်းနှီးပေမယ့်မကြာခင်သူရဲ့အရင်ရှေ့နေအလုပ်အတွေ့အကြုံတွေနဲ့ထောင်သားတွေကိုကူညီပေးပြီးထောင်သားတွေချစ်ခင်လေးစားရဲ့အကိုကြီးဖြစ်လာပါတော့တယ်...သူနေတဲ့ထောင်မှာ"ဆရာ"တစ်ဆူလိုအေးဆေးဖြစ်လာပါတော့တယ်...၅နှစ်အကြာမှာChi Won(Gang Dong won)ဟာလိမ်လည်မှုနဲ့ထောင်ထဲရောက်လာပါတော့တယ်....Chi Wonဟာရှေ့နေJae Wookရဲ့ဖြစ်ကြောင်းကုန်စင်ကိုလည်းသိထားတဲ့သူဖြစ်ပါတယ်...ဒီလိုနဲ့ရှေ့နေJae Wookဟာသူ့ရဲ့မတရားခံရမှုကိုပြန်လည်လက်စားချေချင်လာပါတော့တယ်...Chi Wonတစ်ယောက်ကတော့ထောင်ထဲမှာပဲခနနေခဲ့ရပြီးအပြင်ရောက်သွားတဲ့အခါရှေ့နေJae Wookရဲ့လူယုံတော်တစ်ယောက်အနေနဲ့သူ့ကိုကူညီပြီးအမှန်တရားကိုရှာဖွေပေးပါတော့တယ်... ဒီလိုနဲ့ဘာတွေဆက်ဖြစ်လာမလဲ??ရှေ့နေ့Jae Wookတစ်ယောက်သူမတရားခံရမှုအမှန်ပေါ်ပေါက်ပြီးထောင်ထဲကလွတ်လာမလား???ထောင်ထဲရှေ့နေJae Wookရဲ့အကူအညီနဲ့အပြင်ကChi Wonတစ်ယောက်အကောင်းဆုံးလုပ်နိုင်မလား?? စိတ်ဝင်စားစွာနဲ့ခံစားကြည့်ရှုကြည့်ကြပါနော်...