6.5
138,695
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.5 GB

Credit

500

Oculus (2013)

Horror, Mystery, Thriller

Credits 500

Horror Movieကြိုက်သူဆိုရင်တော့ Oculusဟာ ကြည့်သင့်တဲ့အထဲမှာ ပါပါတယ်။ ဇာတ်လမ်းတစ်ခုလုံးဟာ ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်နေပြီး ဘယ်ဟာကအစစ်အမှန်လဲဆိုတာတောင် ပြောရခက်လှပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ တင်မ်နဲ့ကေသီတို့ရဲ့ မိဘတွေဟာ အိမ်ပြောင်းလာပြီနောက် သူတို့အဖေဖြစ်သူဟာ အိမ်မှာပဲ ကိုယ်ပိုင်ရုံးခန်းလေးတစ်ခုလုပ်ပြီး အလုပ်ဆက်လုပ်ပါတယ်။ အဲ့ရုံးခန်းထဲမှာ အလှဆင်ဖို့ဆိုပြီး ရှေးဟောင်းမှန်တစ်ချပ်ကိုလည်း ဝယ်ထည့်ထားလိုက်ပါတော့တယ်။ ထိုမှန်ဟာ သရဲစွဲကပ်နေတယ်ဆိုတာကိုတော့ မသိခဲ့ပါဘူး။ အဲ့မှန်ဟာ အိမ်မှာရှိတဲ့ သက်ရှိမှန်သမျှရဲ့ အသက်ဓာတ်ကိုစားသုံးပြီး သူတို့အဖေရဲ့စိတ်ကို ဆွဲဆောင်ကာ မကောင်းတဲ့အရာတွေကိုလုပ်စေခဲ့ပြီးနောက် သူတို့ရဲ့မိဘနှစ်ယောက်လုံးကို ဆုံးရှုုံးလိုက်ရပါတော့တယ်။ အဲ့မှန်ဟာသူ့ပါတ်ဝန်းကျင်မှာ ရှိတဲ့အသက်ဓာတ်တွေကို စားသုံးပြီး ဆက်လက်ရှင်သန်‌နေခဲ့တယ်ဆိုတာကို သိခဲ့ရပြီးနောက်မှာတော့ ကေသီဟာ သူ့မိဘတွေအတွက် လက်စားချေဖို့လုပ်ပါတော့တယ်။ သူမရဲ့ လက်စားချေမှုဟာ အောင်မြင်သွားမလား ဘယ်လိုအဆုံးသတ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးကို ကြည့်ရှုပေးကြပါအုံး.... ဒီဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ innocentsheep ဖြစ်ပါတယ်။