5.4
19,491
...

Video Quality

Blu-ray 1080p

Audio Quality

DTS 2.1

File Size

5.4 GB

Credit

50

The Rhythm Section (2020)

Action, Drama, Mystery

Credits 50

ဒီကားကတော့ 2020 မှာ ထွက်ထားတဲ့ မင်းသမီး Blake lively ရဲ့ အသစ်စက်စက် ဇာတ်ကားကောင်းလေးပါ။ Blake lively ရဲ့ Gossip Girl series ၊ The age of adaline တို့နဲ့မတူတဲ့ သူမရဲ့ အခြားပုံစံ တစ်မျိုးကိုတွေ့မြင်ရမှာပါ။ ဒီကားထဲမှာတော့ စတီဖန်နီဆိုတဲ့ကောင်မလေးက သူ့မိသားစုတစ်ခုလုံးကို လေယာဉ်ပေါက်ကွဲမှုတစ်ခုကြောင့် ဆုံးရှုံးလိုက်ရသူပါ။ အဲ့အချိန်ကနေစပြီး ၃ နှစ်တာကာလကို သူမကိုယ်သူမ လူသေတစ်ယောက်လို ဖြတ်သန်းလာခဲ့ရတာပါ။ အဲ့နောက်မှာတော့ လေယာဉ်ပျက်ကျမှုဟာ မတော်တဆမှုမဟုတ်ပဲ ဗုံးပေါက်ကွဲမှုကြောင့်မှန်း သူမသိလိုက်ရတဲ့အခါ လက်စားပြန်ချေဖို့ကြိုးစားလာပါတယ်။ တိုက်ခိုက်ရေးပိုင်းတွေကိုပါ ကြိုးစားသင်ယူရင်း အထီးကျန်ကြောက်ရွံ့နေသူကနေ ရဲရင့်သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူမဟာ CIA မှလူတစ်ယောက်နဲ့ အဆက်အသွယ်ရခဲ့ပြီး အပြစ်ရှိသူတွေ လေယာဉ်ပေါက်ကွဲမှုအတွက်ကြံစည်သူတွေကို ဘယ်လိုလက်စားပြန်ချေပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာသိရဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါ။