6.6
238,521
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.2 GB

Credit

100

The Polar Express (2004)

Animation, Adventure, Comedy

Credits 100

ဒီဇာတ်ကားလေးကို ၂၀၀၄ ခုနှစ်က ဒါရိုက်တာ Robert Zemeckis က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ IMDB Rating 6.6/10 ရှိပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ Hero Boy နဲ့ Conductor နေရာကို မင်းသားကြီး Tom Hanks က အသံကော လူကော သရုပ်ဆောင်ပေးခဲ့ပြီး Hero Girl ကိုတော့ Nona Gaye က အသံ သရုပ်ဆောင်ပေးခဲ့ပါတယ်။ အခြားအနုပညာရှင်တွေလည်း တော်တော်များများ ပါဝင်သရုပ်ဆောင်ထားပါတယ်။လူကောသရုပ်ဆောင်ပေးတယ်ဆိုတာက မင်းသားကြီး Tom Hanks ရဲ့ လှုပ်ရှားမှုတွေကို Digital အာရုံခံစနစ်တွေနဲ့ရယူပြီးဇာတ်ကောင်တွေအတွက် အသုံးပြုတာဖြစ်ပါတယ်။ အော်စကာသုံးခုအတွက်လျာထားခံခဲ့ရပြီး နောက်ထပ်ဆုပေါင်း ၁၇ ဆုအတွက်လည်း လျာထားခံခဲ့ရသေးတယ်ဗျ။ ဇာတ်လမ်းလေးကခရစ်စမတ်အကြိုညတစ်ညမှာ မှော်ဆန်ဆန် ရထားကြီးနဲ့ မြောက်ဝင်ရိုးစွန်းဒေသမှာရှိတဲ့ဆန်တာကလော့စ်ရဲ့အိမ်ကိုရောက်သွားတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ ပြောရမယ်ဆိုရင်တော့ ဘဝမှာအံသြစရာကောင်းတဲ့အရာတွေဟာ ယုံကြည်မှုရှိသူတစ်ယောက်အတွက်ဘယ်တော့မှ ပျောက်ကွယ်မသွားဘူးဆိုတာကို တွေ့ရှိသွားတဲ့ သံသယအပြည့်(ဆန်တာကလော့စ် တစ်ကယ်ရှိမရှိဆိုတာကို)နဲ့ကောင်လေးတစ်ယောက်ရဲ့ စွန့်စားခန်းလေးတစ်ခုပေါ့ဗျာ။ မြောက်ဝင်ရိုးစွန်းကိုသွားတဲ့ ဒီခရီး တစ်လျှောက်မှာတော့ ကောင်လေးက သူငယ်ချင်းကောင်းတွေလည်းရခဲ့ပါသေးတယ်။