ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ထရီဇာ ဆိုတဲ့ကောင်မလေး ဟာ တစ်မနက်ခင်းမှာတော့ ကာတာဆိုတဲ့ကောင်လေးရဲ့အိမ်မှာ နိုးထလာခဲ့ပါတယ် အဲ့ဒီနေ့ကသူမရဲ့မွေးနေ့ပေါ့ ထရီဇာဟာ အိမ်ပြန်လာပြီး အဲ့ဒီနေ့ညမှာပဲအသတ်ခံလိုက်ရပါတယ် ဒါပေမယ့် နောက်တစ်နေ့မနက်ရောက်တော့ သူမဟာမသေဘဲ ကာတာရဲ့အိမ်မှာပဲဘာမှမဖြစ်ခဲ့သလိုပြန်နိုးထလာခဲ့ပါတယ် ထူးဆန်းတာက သူမပြန်နိုးထလာတဲ့အခါမှာ သူမအသတ်ခံခဲ့ရတဲ့ သူမရဲ့မွေးနေ့ပဲဖြစ်နေပြီး ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေအားလုံးက တစ်ထေရာတည်းသွားတူနေတာပါပဲ ဒီလိုနဲ့သူမဟာ ဒီလိုတွေအကြိမ်ပေါင်းများစွားဖြစ်လာတဲ့အခါမှာတော့ သူမဟာ အဲ့ဒီတရက်တည်းမှာပဲ ပိတ်မိနေခဲ့တယ်ဆိုတာ သတိထားမိလာခဲ့ပါတယ် သူမထပ်ပြီး အသတ်ခံရဉီးမှာကိုလည်းသိနေရင်းပေါ့။ ဒါကိုလည်း ထရီဇာကိုယ်တိုင်ကလွဲပြီးဘယ်သူမှမသိကြပါဘူး။ သူမဘဝရဲ့ကျန်ရှိနေတဲ့သက်တမ်းတလျှောက်လုံးမှာရော ဒီလိုမျိုးတရက်တည်းမှာပဲပိတ်မိရင်းနဲ့ပြီးဆုံးသွားမှာလား။ သူမဒီအခြေအနေကနေ လွတ်မြောက်ဖို့ဘယ်လိုတွေကြိုးစားသွားမလဲ။ ကြိုးစားနေးရင်းနဲ့ရရှိခဲ့တဲ့ဘဝသင်ခန်းစာတွေကရောဘာတွေဖြစ်မလဲ စသဖြင့် အချစ်၊ အလွမ်း၊ ဟာသ ရသတွေခံစားရမယ့် ကားကောင်းလေးတစ်ကားပါ။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ လရောင်သွေးဖြစ်ပါတယ်