6.8
78,038
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.4 GB

Credit

500

Boss Level (2020)

Action, Adventure, Comedy

Credits 500

ကိုယ့်ရဲ့တစ်နေ့တာက ဒီပုံစံအတိုင်းပဲ နောက်တစ်နေ့မကူးဘဲ ပြန်လည်နေတာဆိုရင် ဘယ်လိုလုပ်ကြမလဲ....ဒီထဲက ရွိုင်ဆိုတဲ့လူက အဲ့လိုအဖြစ်နဲ့ကြုံနေရပါတယ်။ ပိုဆိုးတာက သူအိပ်ရာက နိုးလာတာနဲ့ လုပ်ကြံတဲ့သူတွေ နည်းအမျိုးမျိုးနဲ့ သတ်ဖြတ်တာခံနေရပါတယ်။ ရွိုင်မှာ ချစ်သူနဲ့ သားလေးရှိပေမယ့် ခင်ပွန်းတာ၀န်ရော ဖခင်တာ၀န်ပါမကျေပွန်ခဲ့လို့ ချစ်သူနဲ့ သွေးအေးသွားခဲ့ပြီး လေလွင့်နေခဲ့ရင်း ဒီအူကြောင်ကြောင်အဖြစ်နဲ့ ကြုံနေရတာပါ။ အစပိုင်းမှာ တစ်ရန်ကလွတ်လာရင် နောက်တစ်ရန် ထပ်ရောက်လာပြီး သတ်တာခံရတာကြောင့် အကြိမ်ကြိမ် သေလိုက် ပြန်နိုးလာလိုက်နဲ့ သံသရာလည်နေပါတယ်။ လုပ်ကြံသူတွေကလည်း နည်းမျိုးစုံ ပုံစံမျိုးစုံနဲ့ပါပဲ။ အကြိမ်ရေများလာတဲ့အခါမှာတော့ သူတို့တွေအားလုံးကို ကျော်ဖြတ်နိုင်ပေမယ့်လည်း ဘယ်တော့မှာ ၁၂နာရီ ၄၇မိနစ်ကို ကျော်ပြီးအသက်မရှင်ပါဘူး...အဲ့အချိန်ရောက်ရင် တစ်နည်းနည်းနဲ့ အသတ်ခံရပြန်ပါတယ်။ ရွိုင်ဒီလိုဖြစ်နေတာ ဘာကြောင့်လဲ...သူက ဘာအတွက် အဲ့ရက်မှာပဲ ပြန်ပြန်လည်နေတာလဲ...သူ့ကိုလုပ်ကြံနေသူတွေက ဘယ်သူတွေလဲ...ဒီဖြစ်ရပ်နောက်ကွယ်မှာ ဘယ်လိုကြီးမားတဲ့ အရာတွေရှိနေသေးတာလဲဆိုတာ...အဖြေရှာကြည့်ရအောင်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်။