7.0
204,632
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.5 GB

Credit

200

Jarhead (2005)

Biography, Drama, War

Credits 200

ဆဒန်ဟူစိန် အာဏာသိမ်းတုန်း စစ်တိုက်ဖို့ ကန္တာရထဲသွားတဲ့ မရိန်းတပ်သားတွေရဲ့ ဘ၀ဇာတ်ကြောင်းပါ။ ခက်ခဲကြမ်းတမ်းတဲ့ကန္တာရထဲမှာ ပင်ပင်ပန်းပန်းနေရပြီး စစ်ပွဲကိုစောင့်နေရတဲ့ မရိန်းတပ်သားတွေပါ။သူတို့ကို jarhead တွေဆိုပြီး တင်စားခေါ်ကြပါတယ်။ ဒီထဲမှာ ဆော့ဖော့တို့ တပ်သားတစ်စုလည်း ပါပါတယ်။ အိမ်နဲ့ မိသားစုတွေနဲ့ ချစ်သူရည်းစားတွေနဲ့ ခွဲနေရတဲ့ တပ်သားတွေအဖို့ ပျော်စရာကို ကြံဖန်လုပ်ယူပြီး ကြံ့ကြံခံရပါတယ်။ ချစ်သူတွေရဲ့ သစ္စာဖောက်တာတွေလည်း ခံရပါတယ်။ သူတို့မရိန်းတပ်သားတွေမှာ ဘယ်အခက်အခဲအတွက်မဆိုအဖြေရှိပါတယ်တဲ့။ တကယ့်စစ်ဆင်ရေးစတဲ့အခါမှာ ဆဒန်ဟူစိန်ဘက်က ဓာတုလက်နက်တွေ သုံးတာကိုပါ ကာကွယ်ရပါတယ်။ ကန္တာရထဲက ရေနံတွင်းတွေကြားမှာ အဆိပ်မမိအောင် ကြိုးစားရှောင်ရှားရင်း စစ်ပွဲဆင်နွှဲပြီး နောက်ဆုံးမှာ အနိုင်ရအောင်ပွဲခံပြီး အိမ်ပြန်လာပုံတွေကို ကြည့်ရမှာပါ။ ဘယ်လိုပဲ အပြင်လောကမှာ သာမန်လူအဖြစ်နေရပါစေ သူတို့က အမြဲ jarhead တွေ ဖြစ်နေဉီးမှာပါတဲ့။ မရိန်းတပ်သားတွေရဲ့ သစ္စာရှိပုံ ပင်ပန်းဆင်းရဲပုံ စွန့်လွှတ်မှုတွေကို ကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်