7.0
32,910
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

7.1 GB

Credit

500

Mohabbatein (2000)

Drama, Musical, Romance

Credits 500

ဒီဇာတ်လမ်းလေးကတော့ အချစ်နဲ့ အကြောက်တရားကြားက ဘဝတစ်ခုလုံးနဲ့ ဆက်စပ်တဲ့ အကြောင်းအရာလေးတွေကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဂူရူကယ်ကျောင်းအုပ်ကြီး မာစတာသျှန်ကာက သူ့ရဲ့ကျောင်းကို နှစ်ပေါင်းနှစ်ဆယ့်ငါးနှစ်လုံးလုံး အစဉ်အလာ၊ ဂုဏ်သိက္ခာနဲ့ စည်းကမ်းဆိုတဲ့ မဏ္ဍိုင်သုံးခုကို အခြေခံပြီး အစဉ်လာမပြတ် အုပ်ချုပ်ခဲ့ပါတယ်။ ဒီကျောင်းထဲကို ဝင်ရောက်လာကတည်းက အပြင်လောကကြီးနဲ့ အဆက်သွယ် ဖြတ်ရပါတယ်။ ဒီစည်းကမ်းတွေကို ဖောက်ဖျက်မိတာနဲ့ ကျောင်းကနေ ချက်ချင်း ထုတ်ပြီး အထုတ်ခံရတဲ့ ကျောင်းသားတွေဟာ ဘယ်ကျောင်းမှာမှ တက်ရောက်ခွင့် မရှိရပါဘူး။ ဒီအချက်တွေကို ကြောက်ပြီး ဘယ်ကျောင်းသားကမှ စည်းကမ်းတွေကို မဖောက်ဖျက်ရဲကြပါဘူး။ ဒီလို စံနှုန်းတွေကို ဦး‌စားပေးလာတဲ့ အခါမှာ မာစတာ သျှန်ကာတစ်ယောက် အချစ်ဆိုတဲ့ အဓိပ္ပာယ်သတ်မှတ်ချက် ကို မေ့လာပြီး အသည်းမာလာခဲ့ပါတယ်။ " လေးစားမှုဆိုတာ အချစ်မေတ္တာကနေဖြစ်လာဝာာ မဟုတ်ဘဲ အကြောက်တရားကနေ ဖြစ်လာတယ်" ဆိုပြီး ပြောင်းလဲမှူမကြိုက်တဲ့မာစတာသျှန်မာကို တယောလေးကို လက်မှာကိုင်ပြီး အပြုံးပန်းလေးဆင်ထားတဲ့ မာစတာအာရန်က ဘယ်လိုမျိုး ပြောင်းလဲပေးမလဲဆိုတာကို ကြည့်ရှူရမှာဖြစ်တဲ့အပြင် အချစ်ဆိုတဲ့ အနက်အဓိပ္ပာယ်တွေကို အပြည့်အဝခံစားရမယ့် ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။