2014 ခုနှစ်ထဲမှာပဲ ဒုတိယကား Kyoto Inferno နဲ့ ဆက်တိုက်ထွက်ရှိခဲ့တဲ့ တတိယာကားဖြစ်တဲ့ The Legend End ကိုဆက်လက်တင်ဆက်ပေးလိုက်ပါတယ် ဗျKenshin ဆိုတာတော့ ထွေထွေထူးထူးမိတ်ဆက်ဖို့လိုမယ်မထင်ပါဘူး။ ခရီးသွားဆာမူရိုင်းဆိုတဲ့ Animeရုပ်သံဇာတ်လမ်းနဲ့ စတင်ရင်းနှီးပြီးသားဖြစ်မယ့်ဒီဇာတ်လမ်းတွဲဟာ Watsuki Nobuhiro ရဲ့ ကမ္ဘာကျော် မန်ဂရုပ်ပြ လက်ရာတစ်ခုလည်း ဖြစ်ပါတယ်။၂၀၁၂ ခုနှစ်မှာတော့ ဒါရိုက်တာOutomo Keishi ရိုက်ကူးပြီး၊မင်းသား Satoh Takeru က Himura Kenshin အဖြစ်ပါဝင်သရုပ်ဆောင်တဲ့ Live-action ဇာတ်ကားကို ရုံတင်ခဲ့ပြီး၊အဆင့်မြင့်တဲ့ထုတ်လုပ်ရေးကွာလတီ၊ မြန်ဆန်လှပတဲ့ အက်ရှင်ရိုက်ချက်တွေကြောင့်ပရိသတ်အားပေးမှုအထူးရခဲ့ကာ အက်ရှင်-မန်ဂ ကနေ ရုပ်ရှင်ပြောင်းရိုက်တဲ့ဇာတ်ကားတွေအကြား စံပြ ဖြစ်လာခဲ့ပါတယ်။
၂၀၁၄ ခုနှစ်မှာတော့ မန်ဂဇာတ်လမ်းရဲ့Kyoto Arc ကို Kyoto Inferno နဲ့ The Legend Ends ဆိုပြီး၊ရုပ်ရှင်ဇာတ်ကား၂ကား ခွဲ ရုံတင်ပြသခဲ့ပါတယ်။အားလုံးသိပြီးသားဖြစ်မှာဖြစ်ပေမယ့်ဇာတ်ကားကို ပိုမိုခံစားနိုင်ဖို့အတွက် ဇာတ်လမ်းကျောရိုးလေးနဲ့တစ်ချက်မိတ်ဆက်ပေးပါမယ်။ Himura Kenshin ဟာဂျပန်မေဂျီခေတ်အကူးအပြောင်းကာလ ဘခုမဆု(Bakumatsu)ပြည်တွင်းစစ်ခေတ်မှာပဒေသရာရှိုးဂွန်းအစိုးရ ကိုဆန့်ကျင်တိုက်ခိုက်တဲ့ Ishin Shishi တော်လှန်ရေးအုပ်စုရဲ့လက်စွဲလူသတ်သမားတစ်ယောက်ဖြစ်ပြီး၊ ဟိတိုကိရိဘတ်တိုးဆိုင်(Hitokiri Battousai) ဆိုတဲ့အမည်နဲ့ ဖိမ့်ဖိမ့်တုန်အောင်ကြောက်ရွံ့ခံရတဲ့ဆာမူရိုင်းတစ်ယောက်… ။
ပြည်တွင်းစစ်ကြီးအပြီးမှာတော့သူနှုတ်ယူခဲ့တဲ့အသက်ပေါင်းများစွာအတွက် အပြစ်ကြီးမားစွာခံစားနေရတဲ့Kenshin က ဘယ်တော့မသက်မသတ်တော့ဖို့ သစ္စာဆိုပြီး၊အသွားပြောင်းပြန်ဓားတစ်လက်စွဲကိုင်ကာ ခရီးသွားဆာမူရိုင်း(Rurouni) ဘဝနဲ့အကူအညီလိုအပ်နေသူတွေကို ကယ်ဆယ်ဖို့ ဘဝသစ်ကို စတင်ခဲ့ပါတယ်။ဒီနောက်မှာတော့ Kenshinဟာ သူငယ်ချင်းမိတ်ဆွေသစ်၊ ရန်သူသစ်တွေနဲ့အတူသူ့ဘဝရဲ့အချစ်သစ်ကိုလည်း ဆုံတွေ့ရရင်း ခါးသီးတဲ့အတိတ်ကိုပြည်ဖုံးကားချနိုင်ဖို့ ကြိုးစားပါတော့တယ်။