7.7
70,650
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.7 GB

Credit

200

Mother (2009)

Crime, Drama, Mystery

Credits 200

ဒီကားလေးကတော့ ၂၀၀၉ခုနှစ်ထွက် ကိုရီးယားကားလေးဖြစ်ပြီး Kim Hyeja, Wonbinစတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။ Parasite ကိုရိုက်တဲ့ ဒါရိုက်တာ Bong Joonhoရဲ့လက်ရာလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Kim Hyeja မှာ ယွန်းဒိုဂျွန်း (Wonbin)ဆိုတဲ့ ဉာဏ်ရည်မမှီတဲ့ သားတစ်ယောက်ရှိပါတယ်။ ဉာဏ်ရည်မမှီတဲ့အပြင် မှတ်ဉာဏ်ပါမကောင်းတဲ့ ယွန်းဒိုဂျွန်းကို သူ့သူငယ်ချင်း ဂျင်ထယ်က အမြဲ အပြစ်ပုံချနေကျပါ။ ဒိုဂျွန်းရဲ့ အမေကတော့ ဒိုဂျွန်းနဲ့ ဂျင်ထယ်တို့ ရှာသမျှပြဿနာတွေကိုလိုက်ရှင်းပြီး အကြွေးတွေတောင်လိုပုံနေပါတော့တယ်။ တစ်နေ့တော့ ဒိုဂျွန်းဟာ ညဘက်ကြီး ဘားကနေအပြန် မွန်းအာဂျောင်းဆိုတဲ့ ကျောင်းသူလေးတစ်ယောက်နဲ့တွေ့ပြီး သူ့နောက်ကိုလိုက်သွားပါတော့တယ်။ နောက်နေ့မနက်ကျတော့ အဲဒီကျောင်းသူလေးက အိမ်ခေါင်မိုးထပ်တစ်ခုပေါ်မှာ သေနေတာကို တွေ့လိုက်ကြရပါတယ်။ အရင်နေ့ညက မွန်းအာဂျောင်းရဲ့နောက်ကို လိုက်သွားတဲ့ ယွန်းဒိုဂျွန်းကို မြင်ခဲ့တဲ့သူတွေရှိတာကြောင့် ဒိုဂျွန်းကို တရားခံလို့ပဲ သံသယရှိလာကြပါတယ်။ ဒိုဂျွန်းကတော့ သူမလုပ်ဘူးလို့ပြောပြီး သူ့အမေကလည်း သူ့သားက အဲဒီလိုလုပ်မဲ့သူမဟုတ်ဘူးဆိုတာကို ယုံကြည်ပါတယ်။ ဒါပေမယ့် စုံစမ်းစစ်ဆေးရေးကို သေချာမလုပ်တဲ့ရဲတွေကြောင့် ဒိုဂျွန်းက ထောင်ကျရမလို ဖြစ်နေတဲ့အချိန် သူ့အမေက သားလေးလွတ်မြောက်နိုင်အောင် နည်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်။ နောက်ဆုံးမှာတော့ လူသတ်သမားက ဘယ်သူဖြစ်နေမလဲ၊ ဒိုဂျွန်းကရော လွတ်မြောက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မှာဖြစ်ပြီး ကိုယ့်သားလေးကို မတရားမခံရစေချင်တဲ့ မိခင်မေတ္တာကိုလည်း ရိုက်ပြထားတဲ့ မှုခင်းကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်