7.2
18,791
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.9 GB

Credit

200

Along With the Gods: The Two Worlds (2017)

Action, Adventure, Drama

Credits 200

အက်မင်လဲ ကြည့်ဖို့စောင့်နေတဲ့ကားလေးပါ အသစ်စက်စက်ကားလေးနော် ကြည့်လိုက်တော့ ?? ဒါရိုက်တာ ကင်ယုံဟွာက ကာတွန်းဆရာ ဂျိုဟိုမင်ရဲ့ဝက်ဘ်ကာတွန်းစီးရီးကို အသက်သွင်းရိုက်ကူးပြီး ရုပ်ရှင်ကိုနှစ်ပိုင်းခွဲဖြန့်ချိမှာဖြစ်ကာ ဒုတိယပိုင်းကို ၂၀၁၈ မှာ ထုတ်လုပ်မယ်လို့ ဆို ပါတယ်။ အဓိကသရုပ်ဆောင်တွေက Ha Jung-woo၊ Cha Tae-hyun၊ Ju Ji-hoon၊ Lee Jung-jae၊ Do Kyung-soo၊ Kim Hyang-gi တို့ဖြစ်ပြီး Lotte Entertainment က ဖြန့်ချိထား တာပါ။ မီးသတ်သမား ကင်ဂျာဟုန် ဟာ တာဝန်ထမ်းဆောင်ရင်း မမျှော်လင့်ဘဲ သေဆုံးခဲ့ပြီး ဘ၀ ကူးပြောင်းသွားတဲ့ ဂျာဟုန်ဟာ မရဏတိုင်းပြည်က အစောင့်အ ရှောက်သုံးယောက်နဲ့ ဆုံပါတယ်။ အဲဒီသုံးယောက်ထဲမှာ ဂန်ရင်းက ခေါင်းဆောင်ဖြစ်ပြီး လူသားတွေ ပေါ် ခင်မင်ကြင်နာစိတ်ရှိပါတယ်။ လူတစ်ယောက်ယောက် သေဆုံးပြီဆိုရင် မရဏနိုင်ငံကို သွားဖို့ အစောင့်အရှောက်တွေ အတူလိုက်ပါလေ့ရှိပြီး သေဆုံးသူ ဟာ လူ့ပြည်လား၊ ငရဲလား၊ ကောင်းကင်ဘုံလား ဆက်သွားရ မယ့်နေရာအတွက် ၄၉ ရက်အ တွင်းမှာ အဆင့်ခုနစ်ဆင့် ဖြတ် သန်းစစ်ဆေးခံရမှာပါ။ မီးသတ်သမားလေးဂျာဟုန် အဖို့ ဂန်ရင်းနဲ့အဖွဲ့ ခေါ်ဆောင်ရာ နောက်ကို လိုက်သွားရပြီး လမ်း တစ်လျှောက် ထူးဆန်းတာတွေ ဆက်တိုက်ကြုံရပါတယ်။ ဂျာ ဟုန် သွားရမယ့်ဘုံအတွက် စစ် ဆေးခံရတဲ့ အဆင့်တွေကိုလည်း အထူးပြုလုပ်ချက်တွေနဲ့ တင် ဆက်ထားလို့ ဆန်းဆန်းပြားပြား ရှုစားရမှာပါ။ ဂျာဟုန်က ရိုးသားအပြစ် ကင်းတာကြောင့် ကောင်းမွန်ရာဘဝကို ပြန်ရောက်ဖို့ ဂန်ရင်းတို့က ကြိုးစားကာကွယ်ပေးပါတယ်။ မီးသတ်သမားလေးဂျာဟုန် မရဏတိုင်းပြည်မှာ ဖြတ်သန်းရ မယ့် ၄၉ ရက်တာစွန့်စားခန်းက ဘယ်လိုရလဒ်နဲ့အဆုံးသတ်မလဲ ဆိုတာကတော့...။