6.7
7,736
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.1 GB

Credit

200

The Wild Goose Lake (2019)

Crime, Drama

Credits 200

ဒီတစ်ခေါက်မှာတော့ ရင်သပ်ရှုမောဖွယ်အတိဖြစ်စေမဲ့ တရုတ် Crime/ Dramaကားလေးတစ်ကားဖြစ်တဲ့ The Wild Goose Lakeဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားဟာ IMDb rating 6.8/10ရရှိထားပြီး ကြည့်ရတာ တကယ်တန်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း ဆိုင်ကယ်သူခိုးဂိုဏ်းတစ်ခုအတွင်း နယ်မြေလုရာကနေစလိုက်တဲ့ ရန်ပွဲကနေ ရဲတစ်ယောက်ကို သတ်မိတဲ့အမှုတစ်ခုကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်… အဓိကတရားခံဖြစ်တဲ့ ကျူးဇီနောင်ကို ဖမ်းဝရမ်းထုတ်ပြီး ဆုကြေးငွေ သုံးသိန်းထိသတ်မှတ်လိုက်ရာ… ဇီနောင်က သူသေရမှာချင်းအတူတူ သူ့မိသားစုကိုဆုကြေးငွေရစေချင်တဲ့အတွက် သူ့မိန်းမလက်ထဲမှာပဲအဖမ်းခံဖို့ သူ့ရဲ့သူငယ်ချင်းတစ်ယောက်ရဲ့အကူအညီနဲ့ အချိတ်အဆက်လုပ်လိုက်ပါတယ်… သူအကူအညီတောင်းလိုက်တဲ့သူငယ်ချင်းက ယုံကြည်ရပါ့မလား… သူနဲ့ရန်စရှိတဲ့ကောင်တွေလက်ကကော ဘယ်လိုလွတ်အောင်ပြေးမလဲ… သူ့မိန်းမအတွက်ပဲ အဖမ်းခံရဖို့ဘယ်လို ရုန်းကန်ရမလဲ… ရဲတွေလက်ထဲက ဘယ်လိုရအောင်ရှောင်မလဲ ဆိုတာတွေကို စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် ဇာတ်ကားက တစ်ရစ်ရစ်နဲ့ဆွဲခေါ်သွားမှာဖြစ်လို့ လုံးဝပျင်းမသွားစေမဲ့ ဇာတ်မျိုးပဲဖြစ်ပါတယ် တရုတ်အက်ရှင်ကားကောင်းကောင်းကြိုက်တတ်ရင် ကြည့်ကြည့်ပါလို့ ညွှန်းဆိုချင်ပါတယ်