5.7
18,614
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.3 GB

Credit

100

Monster Trucks (2016)

Action, Adventure, Comedy

Credits 100

ဒီတစ်ခေါက် ဇာတ်ကားလေးကတော့ ၂၀၁၆ မှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်‌ကားပါ။ ရေနံကုမ္ပဏီတစ်ခုက ပင်လယ်ထဲမှာ ရေနံတူးရင်းနဲ့ မ‌တော်တဆမှုတစ်ခုဖြစ်ပြီး ရေနံလွှာရဲ့အပေါ်မှာရှိတဲ့ ပင်လယ်ထဲက သတ္တဝါတွေ အပြင်ကို ထွက်လာပါတယ်။ အဲ့ထဲက တစ်ကောင်က ဖခင်ဖြစ်သူဆီသွားချင်လို့ ကားတစ်စီးကို ပြင်ဆင်နေတဲ့ ထရစ် ဆီကို ရောက်သွားခဲ့ပါတယ်။ ဒီ‌အကောင်က ဆီကို အစာအဖြစ် စားပြီး စွမ်းအင်ထုတ်ပေးနိုင်တာကို သိသွားတဲ့ ထရစ်က သူ့ရဲ့ ကားမှာ ဒီသတ္တဝါကို ထည့်ပြီး မောင်းနှင်ကြည့်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ထရစ် နဲ့ ဒီသတ္တဝါလေး ရင်းနှီးလာပြီး ဒီသတ္တဝါကို လိုက်ရှာနေတဲ့ ရေနံကုမ္ပဏီက လူတွေလက်ထဲမရောက်အောင် ကာကွယ်ပေးပြီး သူတို့ အိမ်ကို ပြန်ပို့ပေးနိုင်မလားဆိုတာ စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အကောင်လေးကလဲ အပြုအမူလေးတွေက ချစ်စရာလေးမို့လို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှူသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားလဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။