6.8
113,992
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.6 GB

Credit

200

Superman II (1980)

Action, Adventure, Sci-Fi

Credits 200

ဒီဇာတ်ကားလေးက Action, Adventure, Sci-Fi အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Superman 1978 မှာ ဂြိုလ်မွှေခဲ့တဲ့ ဗိုလ်ချုပ်ဇော့ဒ်တို့ သုံးယောက်ကို ခရစ်ပတွန်ဂြိုလ်ကနှင်ထုတ်ပြီး အာကာသထဲမှာ အကျဉ်းချခဲ့ပေမယ့် အာကာသထဲက ပေါက်ကွဲမှုတစ်ခုကြောင့် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဗိုလ်ချုပ်ဇော့ဒ်တို့ဟာ ကမ္ဘာပေါ်ကိုရောက်လာခဲ့ပြီး ထောင်ဖောက်ပြေးလာတဲ့ လက်ဇ်လူသာနဲ့ပူးပေါင်းကာ ကမ္ဘာကြီးကိုအုပ်စိုးဖို့ကြိုးစားပါတော့တယ်။ တစ်ဖက်မှာလည်း စူပါမန်းက လူးဝိစ်နဲ့မေတ္တာမျှပြီး သူ့အစွမ်းတွေကိုစွန့်လွှတ်ကာ သာမာန်လူသားတစ်ယောက်လိုနေထိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီတော့ စူပါမန်းက ဗိုလ်ချုပ်ဇော့ဒ်တို့လက်ထဲကနေ ကမ္ဘာကြီးကိုကယ်တင်နိုင်ပါ့မလား။ သူ့စွန့်လွှတ်လိုက်တဲ့အစွမ်းတွေကိုရော ပြန်ရပါ့မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုခံစားရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်