7.0
87,829
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.7 GB

Credit

200

Raw (2016)

Drama, Horror

Credits 200

အခုတကားကတော့စောင့်မျှော်နေကြတဲ့သူတွေအတွက်ရော Horrorကားကြိုက်တဲ့သူတွေအတွက်ပါအူယားစေမယ့် ၂၀၁ရမတ်လထွက်ကားလေးလာပါပြီ။ဂျက်စတင်ဆိုတဲ့ကောင်မလေး ဟာမွေးကတည်းနေအသားနဲ့ဓာတ်မတည့်တဲ့အတွက်သတ်သတ်လွတ်ပဲစားတဲ့သူဖြစ်ပါတယ်။သူတို့တမိသားစုလုံးသတ်သတ်လွတ်စားကြတာပါ။ဒါပေမယ့်အဲဒါတွေအားလုံးဟာတိရိစ္ဆာန်ကုဆရာဝန်ကျောင်းရောက်တဲ့ပထမအပတ်တွင်းမှာပဲပြောင်းလဲသွားခဲ့ပါတယ်။ကျောင်းရဲ့ထူးဆန်းတဲ့ကြိုဆိုမှုကြောင့်ဂျက်စတင်တယောက်အသားကိုစစားလိုက်ရပါတယ်။အဲဒီကနေစပြီးအသားစားချင်တဲ့အာသီသဖြစ်နေခဲ့တာပါ။ နောက်တော့အခန်းဖော်အဆွယ်ကောင်းမှုနဲ့သူအသားညှပ်ပေါင်မုန့်စစားရင်းနောက်တော့အသားစိမ်းတွေကိုပါစမ်းစားကြည့်လာပါတော့တယ်။ဒီလောက်နဲ့တင်ရပ်မသွားသေးပါဘူး။တနေ့ကျောင်းမှာအရင်ကျောင်းတက်နှင့်တဲ့သူ့အစ်မဆီသွားရင်းမတော်တဆဖြစ်ပြီးသူ့အစ်မလက်ချောင်းပြတ်သွားပါတယ်။ထိတ်ထိတ်ပြာပြာနဲ့ဖြစ်နေရင်းသူ့အစ်မလက်ကိုကိုက်မိပါတယ်တော့တယ်။အဲဒီကနေစပြီးလူသားကိုပထမဆုံးစစားတော့တာပါပဲ။ကြည့်ရင်းကြည့်ရင်းနဲ့အူယားလာစေတဲ့ ကားလေးဖြစ်ပါတယ်။၁၈+တွေကြမ်းတမ်းတဲ့စကားအသုံးအနှုန်းတွေပါတဲ့အတွက်မိသားစုနဲ့မကြည့်သင့်ပါဘူး။ဆိုတော့ဂျက်စတင်တယောက် သူ့အာသီသကိုဆက်ထိန်းနိုင်မလား။အဲဒီကနေတဆင့်သူ့မိသားစုနဲ့ဘယ်လိုဆက်နွယ်နေသလဲ။ဘာလျို့ဝှက်ချက်တွေရှိနေသလဲ။သူ့အစ်မကရော သူ့ကိုကူညီပေးမှာလား။ပိုဆိုးစေမှာလား။ဘာတွေကွယ်ဝှက်ထားတာရှိမလဲဆိုတာကတော့ဇာတ်ကားလေးမှာဆက်လက်ရှုစားလိုက်ပါဦးဗျာ။