7.0
15,697
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.6 GB

Credit

100

Swordsmen (2011)

Action, Crime, Drama

Credits 100

Liu Jinxi( Donnie Yen) ဟာဆိုရင် စာရွက်လုပ်တဲ့ရွာလေးတစ်ရွာမှာ သူ့မိသားစုနဲ့အတူ အေးအေးချမ်းချမ်းနေထိုင်နေတဲ့ လူတစ်ယောက်ပါ။ တစ်ရက်မှာတော့ လူဆိုးနှစ်ယောက်ဟာ သူအလုပ်လုပ်နေတဲ့ဆိုင်ကို ရောက်လာပြီး လုယက်ပါတော့တယ်။ အနိုင်ကျင့်ခံနေရတဲ့ဆိုင်ရှင်ကိုကယ်ဖို့ Liu Jinxi ဟာ လူဆိုးတွေနဲ့တိုက်ခိုက်ရပါတော့တယ်။ ကံကောင်းထောက်မစွာနဲ့ လူဆိုးနှစ်ယောက်လုံးကို သူသတ်နိုင်ခဲ့ပါတယ်။ တစ်ရွာလုံးကသူ့ကို သူရဲကောင်းတစ်ယောက်အနေနဲ့ ချီးကျူးဂုဏ်ပြုကြတယ်။ သိပ်မကြာခင်မှာပဲ အမှုကိုစုံစမ်းဖို့ Xu Bai Jiu ( Takeshi Kaneshiro) ဆိုတဲ့ စုံထောက်တစ်ယောက်ရွာကို ရောက်လာပြီးတော့ အမှုအခြေအနေကို စုံစမ်းပါတော့တယ်။ သူ့အမြင်မှာတော့ Liu Jinxi ဟာ သာမန်လူတစ်ယောက်ထက်ပိုလိမ့်မယ်လို့ သေချာပေါက်ယုံကြည်နေပါတယ်။ အမှုရဲ့နောက်ကွယ်က အမှန်တရားတွေ Liu Jinxi ရဲ့လျှို့ဝှက်ချက်တွေကို စုံထောက် Xu Bai Jiu တစ်ယောက် ဖော်ထုတ်နိုင်မလား? Liu Jinxi ကရော သူထင်ထားတဲ့အတိုင်း သာမန်ထက်ထူးခြားတဲ့လူတစ်ယောက်ဖြစ်နေမလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။