6.3
2,948
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.7 GB

Credit

200

Cook Up a Storm (2017)

Comedy, Drama

Credits 200

ဒီကနေ့ ပရိသတ်တွေခံစား ဖို့ကိုတော့ IMDb Rating (6.1/10) ရရှိထားတဲ့ ဟောင်ကောင်ဟာသ ဇာတ်ကားလေး ရွေးထားပါတယ်။ နာမည်ကျော် စားဖိုမှူး နှစ်ဦးရဲ့ အရှေ့တိုင်းနဲ့ အနောက်တိုင်း လက်ရာ ဟင်းလျာချက်ပြုတ်အား ပြိုင်မှုတွေကို ကြည့်ရမယ့် ဇာတ် ကားလေးမို့ ပရိသတ်တွေအတွက် ရသအပြောင်းအလဲလေးပေးစွမ်း နိုင်မယ်လို့ ထင်ပါတယ်။စကိုင်းကိုဟာ ကန်တုန်လမ်း ဘေး စားသောက်ဆိုင်တစ်ဆိုင် က ကျွမ်းကျင်စားဖိုမှူးတစ်ယောက်ဖြစ်ပြီး ဟင်းလျာ အမည်ပေါင်းများစွာကို အချိန်ခဏလေး အတွင်းမှာ စီမံချက်ပြုတ်နိုင်သူပါ။ ပေါလ်အန်းကတော့ ပြင်သစ်နိုင်ငံမှာ ကမ္ဘာ့နာမည်ကြီး ဟင်းလျာချက်ပြုတ်နည်းတွေကို သင်ယူလာခဲ့တဲ့ မီချီလင်စတားစားဖိုမှူး တစ်ယောက်ပါ။စကိုင်းရဲ့ဆိုင်ကလည်း လမ်းဘေးဆိုင်လို့ဆိုပေမယ့် နှစ်ပေါင်း များစွာကတည်းက စားသုံးသူတွေ ရဲ့ အကြိုက်ဟင်းလျာတွေကို ရိုး ရာချက်ပြုတ်နည်းတွေ ချက်ပြုတ် ဝန်ဆောင်မှုပေးရင်း အောင်မြင်နေတဲ့ ဆိုင်တစ်ခုဖြစ်သလို ပေါလ်အန်းကတော့ ကြယ်သုံးပွင့်စားဖိုမှူးတစ်ယောက်အဖြစ်နဲ့ ခမ်းနားတဲ့ စားသောက်ဆိုင်ကြီးမှာ နောက်ဆုံးပေါ် ဟင်းချက်နည်းတွေနဲ့ ပြင်ဆင်ချက်ပြုတ်မှုတွေကို တွေ့ရမှာပါ။ တစ်ရက်မှာတော့ အကြီးကျယ်ဆုံး ဟင်းလျာချက်ပြုတ်ပြိုင်ပွဲတစ်ခုမှာ နှစ်ယောက်စလုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖြစ်လာတဲ့အခါ မှာ နှစ်ယောက်သားဟာ ပွဲမဝင်ခင်ကတည်းက အပြင်မှာ မကျေလည်မှုလေးတွေ ရှိနေခဲ့ပါတယ်။စကိုင်းက သူ့ရဲ့ချက်ပြုတ်မှု စွမ်းရည်အတွက် ဟင်းချက်ရာမှာ ဆရာတစ်ဆူဖြစ်တဲ့ အန်ကယ်ဆဲ ဗင်းဆီမှာ သင်ယူချင်ပေမယ့် သူငယ်စဉ်ဘဝ ဟင်းကောင်းကောင်းမချက်တတ်ခင်က အငြင်းခံထားရတဲ့ ရာဇဝင်ရှိတာမို့ စိုးရိမ်မှုတွေရှိနေခဲ့ပါတယ်။ တစ်ဖက်မှာ လည်း ပေါလ်အန်းဟာ ပြင်သစ် မှာ သင်လာခဲ့တဲ့ အသစ်အသစ် သော ဟင်းချက်နည်းတွေနဲ့ ပြိုင် ဘက်ကို ယှဉ်ပြိုင်နိုင်ဖို့ ပြင်ဆင် ခဲ့ပါတယ်။အချက်အပြုတ် ဦးစားပေး ဇာတ်ကားမို့ အသီးအရွက်၊ သား ငါးလှီးချွတ်တာတွေ၊ အလှဆင် တာတွေ၊ ပြင်ဆင်ချက်ပြုတ်တာ တွေကလည်း ဇာတ်လမ်းအကြောင်းအရာနဲ့အတူ ဆွဲဆောင်ဦးမှာ သေချာပါတယ်။ ကျွမ်းကျင်စားဖိုမှူး နှစ်ဦးအကြားက အရှေ့တိုင်းနဲ့ အနောက်တိုင်းစတိုင် ချက်ပြုတ်မှုတွေကြား ဘယ်လို အားပြိုင်မှု တွေ ရှိမလဲဆိုတာ ဆက်ကြည့် လိုက်ဦးနော်။ဒီဇာတ်ကားမှာ စကိုင်းကို အဖြစ် နီကိုလက်စ်စီ၊ ပေါလ်အန်း အဖြစ် ဂျန်ယောင်းဝှာ၊ အန်ကယ် ဆဲဗင်းအဖြစ် ဂဲယို၊ ယူနီအဖြစ် တစ်ဖနီတန်၊ မာယိုအဖြစ် မစ် ရှဲယ်ပိုင် စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။(ရုပ်ရှင်အညွှန်းကို 7daydaily.com မှကူးယူဖော်ပြပါသည်။)