7.1
73,467
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.4 GB

Credit

200

District B13 (2004)

Action, Crime, Sci-Fi

Credits 200

ပြင်သစ်အက်ရှင်ကားကောင်းတစ်ကားပါ နိုင်ငံရေးလှည့်ကွက်တွေ အစိုးရရဲ့ဖြေရှင်းပုံတွေ ဆေးရောင်း၀ယ်တာတွေ ပါပါတယ်။ ပြည်နယ် ၁၃ဆိုတဲ့နယ်မြေမှာ ဆေးရောင်းတဲ့သူ‌တွေ ဘိန်းဖြူရောင်း၀ယ်တဲ့ လူဆိုးတွေပြည့်နေပြီးတော့ အစိုးရက မထိန်းချုပ်နိုင်တဲ့အတွက် နံရံဆောက်ထားပြီး အ၀င်အထွက်ကို ကြပ်ထားပါတယ်။ ကျောင်းတွေ စာတိုက်တွေလည်းမရှိတော့ဘဲ ဒုစရိုက်သမားတွေသာ ကြီးစိုးနေတာပါ။ အဲ့ပြည်နယ်မှာ မွေးခဲ့တဲ့ လူငယ်လေး လေတိုကသူ့မွေးရပ်မှာ အေးအေးချမ်းချမ်းနေချင်တဲ့အတွက် ပြသာနာတွေရှင်းဖိုလုပ်ပေမယ့် မတတ်နိုင်ပါဘူး။ တစ်ချိန်တည်းမှာပဲ အစိုးရက ဗုံးတစ်လုံးသယ်ပို့တဲ့လမ်းတစ်၀က်မှာ အခိုးခံရတယ်ဆိုပြီး ပြည်နယ် ၁၃ကို ဗုံးဖျက်ဆီးဖို့ အရာရှိတစ်ယောက်ကို လွှတ်လိုက်ပါတယ်။ဗုံးကို လူဆိုးဂိုဏ်းတစ်ခုက ခိုးသွားပြီး 24နာရီအတွင်းမရပ်နိုင်ရင် ပေါက်ကွဲပြီး တစ်မြို့လုံး သေမှာပါ။ အရာရှိ ဒါမြန်ကို ဒီမစ်ရှင်အတွက် ဒေသခံလေတိုနဲ့အတူ လုပ်ဆောင်ဖို့ လွှတ်လိုက်တဲ့အခါ.... သူတို့၂ယောက်ပေါင်းပြီး လူဆိုးတွေကို ဘယ်လို ရင်ဆိုင်မလဲ ဗုံးက တကယ်ပဲ 24 နာရီပြည့်ရင် ပေ့က်ကွဲမှာလား ဆိုတာကတော့ သိချင်သူတွေ ခုပဲ အားပေးလိုက်ကြပါနော်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်