၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မက်ချက်တေးဆိုတဲ့ အက်ရှင်ကားကြမ်းကြမ်းလေးနဲ့
မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးမှာ မင်းသားကြီး စတီဗင်ဆီးလ်ဂဲက
ဗီလိန်အနေနဲ့ ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန် တက္ကဆက်မြို့နယ်စပ်မှာ မက္ကဆီကန်လူမျိုးတွေက နယ်စပ်ကိုဖြတ်ကျော်ပြီး အလုပ်လုပ်ကိုင်ဖို့ တရားမဝင်ဝင်ရောက်နေထိုင်ကြပါတယ်။ ဒါကို ပြည်နယ်လွှတ်တော်အမတ် ဂျွန်မက်ဂ်လောလင်းက အပြင်းအထန်ရှုံ့ချသလိုကင်းအဖွဲ့တွေနဲ့ နယ်စပ်ကိုစောင့်ကြည့်နေပြီး နယ်စပ်ခြံစည်းရိုးခတ်ဖို့အထိပါ
အစီအစဉ်ချထားပါတယ်။ ဒါပေမဲ့ သူ့ကိုထောက်ပံနေတဲ့သူကတော့ မက္ကဆီကန် မူးယစ်ရာဇာတစ်ယောက်ပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က မက်ချက်တေးဆိုတဲ့ မက္ကဆီကန်တရားမဝင်လုပ်သားကို ဒေါ်လာတစ်သိန်းခွဲနဲ့ အမတ်ကြီးကိုလုပ်ကြံဖို့ကမ်းလှမ်းလာခဲ့ပါတယ်။ တကယ်တမ်းလုပ်ကြံမယ့်နေ့မှာ ထင်မှတ်မထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်သွားပြီးမန်ချက်တေးဟာ ပြည်နယ်ကအလိုရှိနေတဲ့ တရားခံတစ်ယောက်ဖြစ်သွားပါတော့တယ်။ အဲဒီတော့ မန်ချက်တေးဟာ သူ့ရဲ့စွဲချက်တွေကို ဘယ်လိုဖြေရှင်းမလဲ။ အမတ်ကြီးရဲ့နောက်ကွယ်က ကြိုးကိုင်နေတဲ့သူကိုရော ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကိုကြမ်းတမ်းတဲ့အက်ရှင်ခန်းတွေနဲ့ ကြည့်ရှုခံစားရမှာပါ။
(အဖော်အချွတ်အခန်းတချို့ကြောင့် မိသားစုနဲ့အတူမကြည့်သင့်ပါဘူး)
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်။