6.8
3,941
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.8 GB

Credit

500

Sea Fog (2014)

Drama, Thriller

Credits 500

1998ခုနှစ်မှာ IMFကြောင့် တောင်ကိုရီးယားဟာ စီးပွားရေးကျပ်တည်းလာခဲ့ပါတယ်။ ငါးဖမ်းသင်္ဘောခေါင်းဆောင် ချောဂျူတို့အဖွဲ့ဟာလည်း ငါးသိပ်ရှာမရတော့ဘဲ အခြေအနေခက်ခဲလာလို့ သင်္ဘောပါ ဘဏ်ကိုပြန်သွင်းရတော့မဲ့ အခြေအနေရောက်လာပါတယ်။ ဒီလိုနဲ့ကြံရာမရဖြစ်ရင်း သူ့သင်္ဘောကိုပိုင်ရှင်ဆီကပြန်ဝယ်ဖို့အတွက် လူမှောင်ခိုကူးတဲ့အလုပ်ကို စပြီးလုပ်ကိုင်ခဲ့ပါတယ်။ ပင်လယ်ပြင်မှာ တရုတ်ဘက်က လူလာပို့တဲ့သင်္ဘောနဲ့တွေ့ပြီး သူတို့တွေကို သယ်ပြီးအိမ်ပြန်လာခဲ့ပါတယ်။ သမုဒ္ဒရာထဲမှာ နိုင်ငံတကာရေပိုင်နက်ထဲရောက်သွားရင်း စစ်ဆေးရေးတွေက သယ်လာတဲ့လူတွေကိုတွေ့မှာစိုးလို့ သူတို့ကို ငါးကန်ထဲထည့်ဖွက်ပြီး စစ်ဆေးရေးဘက်ကနဲ့ အချင်းစများခဲ့ပါတော့တယ်။ သူတို့ရဲ့ပထမဆုံးလူမှောင်ခိုခရီးစဉ်က အဆင်ပြေပြေပြီးဆုံးသွားပါ့မလားဆိုတာကို ဒီကားလေးမှာ ကြည့်ရှုကြရမှာပါ။ Crime Thriller movieမလို့ သွေးထွက်သံယိုတွေ အနည်းငယ်ပါတာကို သတိချပ်စေချင်ပါတယ်။ ဒီကားကိုအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Huihui ဖြစ်ပါတယ်။