Horror/ Thriller ဇာတ်လမ်းအမျိုးအစားလေးဖြစ်ပြီး ဘလက်ခ်ဝုဒ်လို့ခေါ်တဲ့ ဆေးဝါးထုတ်လုပ်ဖြန့်ချိရေး
ကုမ္ပဏီကြီးတစ်ခုက ဆေးသစ်တစ်မျိုးကို လူတွေနဲ့ စမ်းသပ်တဲ့အခါ... ၄ ရက်ကြာအထိ
စမ်းသပ်ခံရသူတွေအနေနဲ့ အိပ်မပျော်တာကလွဲလို့ အဆင်ပြေနေခဲ့ပါတယ်။ ၅ ရက်မြောက်နေ့မှာ
လူတွေကပင်ပန်းသလို ခံစားလာရကာ ခါတိုင်းထက်ပိုပြီးအိပ်ချင်လာပါတော့တယ်။ အဲ့ဒီအချိန်မှ
သုတေသနရှင်က သူတို့ကို နိုးနိုးကြားကြားနေဖို့နဲ့ အိပ်မပျော်အောင် နေကြဖို့ပြောလာပါတယ်။
သူတို့ထဲက
တစ်ဦးက အိပ်ပျော်သွားရင်း သေသွားတာကို မြင်လိုက်မှ သူတို့ သောက်သုံးထားတဲ့ စမ်းသပ်ဆေးဝါးတွေက
တစ်ခုခုမှားနေမှန်း သိလိုက်ပေမဲ့ အဲ့အချိန်မှာပဲ သူတို့ကို စမ်းသပ်တဲ့ အဆောက်အအုံကြီးကို အပြင်ကနေ
လော့ခ်ဒေါင်းချလိုက်တဲ့အခါ စမ်းသပ်ခံရသူတွေအနေနဲ့ အပြင်ကို ပြန်မထွက်နိုင်ခင် အသက်မသေစေဖို့အရေး
အိပ်မပျော်သွားအောင် လုပ်ရတော့မှာပဲ ဖြစ်ပါတယ်။ Double blind ဆိုတဲ့အဓိပ္ပါယ်ကတော့
ဆေးဝါးစမ်းသပ်တဲ့အခါ စမ်းသပ်တဲ့ကာလမပြီးမချင်း စမ်းသပ်ခံရသူရော ဆေးပေးသူ သုတေသနရှင်ရောပါ
ဆေးနဲ့ပတ်သက်တဲ့ အချက်အလက်ကို မသိရတာပါ။ သူတို့ထဲကဘယ်သူတွေက
လွတ်မြောက်နိုင်မလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။
(အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Leon K Zaw ဖြစ်ပါတယ်။)