6.6
209
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

1.9 GB

Credit

100

Kuiba (2011)

Animation, Adventure, Drama

Credits 100

2011 ခုနှစ်က ထွက်ရှိထားခဲ့တဲ့ Kuiba ဆိုတဲ့ ရုပ်ရှင်ကားလေးဟာဆိုရင် သိုင်းပညာကို အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ ခူဘား ဆိုတာ လူတွေ အတွက်သာမက နတ်ဘုရားတွေ အတွက်ပါ ကြောက်မက်ဖွယ် ရန်သူတစ်ယောက်အနေနဲ့ တည်ရှိနေတာပါ။ နတ်ဘုရားတွေ တစ်ယောက်ပြီး တစ်ယောက် အသေခံတိုက်ရင်း ရှင်းလင်းနိုင်ခဲ့လဲ ခူဘား မျိုးဆက်က နှစ်ပေါင်း ၃၃၃ နှစ်ကြာတဲ့ အချိန်တိုင်း ပြန်ပြန်ပေါ်လာတတ်ပါတယ်။ အဲ့လိုနဲ့ နတ်ဘုရားတွေက ခြောက်ဆက်‌မြောက် ခူဘား ရဲ့ မွေးဖွားလာမယ့် အချိန်၊တည်နေရာတွေကို ကြိုတင်တွက်ချက်ပြီး ပေါ်ပေါက်လာခွင့်မရအောင် တိုက်ခိုက်မှု ပြုလုပ်ပါတော့တယ်။ ဒါပေမယ့် နတ်ဘုရားတွေ သတိမထား မိလိုက်ပဲ ခူဘားက လွတ်မြောက်သွားတဲ့ အချိန်မှာ တကယ်ဘဲ ခြောက်ဆက်မြောက် ခူဘား က လောကကြီး အတွက်ဆိုးကျိုးပြုနေဦးမှာလား။ ကိုယ့်ကိုယ်ကို ခူဘားမျိူးဆက်မှန်းတောင်မသိပဲ လောကကြီးကို ကောင်းကျိုး ‌မပေးတဲ့ ခူဘား ကို တိုက်ခိုက်နိုင်ဖို့ စိတ်စွမ်းအင်တွေရအောင် ကြိုးကြိုးစားစား လေ့ကျင့်နေတဲ့ ကလေးငယ်တစ်ဦးရဲ့ အံ့ဩစရာကောင်းတဲ့ ရင့်ကျက်မှုတွေ အဆင့်အတန်းခွဲခြားမှုတွေကို မလိုလားတဲ့စိတ်ဓာတ်တွေနဲ့ ဘယ်အရာကို မဆို မဆုတ်မနစ်ကြိုးစားတတ်တဲ့ စိတ်ဓာတ်တွေကို ပေါ်ပေါ်လွင်လွင်နဲ့ စိတ်ဝင်တစား ကြည့်ရှုရမယ့် animation ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။