6.7
1,425
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

3 GB

Credit

100

Kingdom II: Harukanaru Daichi e (2022)

Action, Adventure, History

Credits 100

2022 ကထွက်ရှိထားခဲ့တဲ့ Kingdom 2 Far Away ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးကတော့ ဂျပန်နိုင်ငံရဲ့ နယ်မြေကျူးကျော်မှုတွေကြားက စစ်ပွဲတွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ သာမန် ကျွန်တစ်ယောက်ဖြစ်ပေမယ့် စစ်ရေးစစ်ရာမှာ သူမတူတဲ့ အရည်အချင်း‌တွေနဲ့ သတ္တိတွေရှိပြီး ဗိုလ်ချုပ်ဖြစ်ဖို့ကို အမြဲအိပ်မက်မက်နေတဲ့ Shin ဆိုတဲ့ ကောင်လေးတစ်ယောက်၊ နယ်မြေကျူးကျော်မှုတွေနဲ့ မပြီး‌ဆုံးနိုင်တဲ့ စစ်ပွဲတွေကြား ခြေလျင်တပ်အနေနဲ့ ပါဝင်ခဲ့တဲ့နောက်မှာတော့ လူအင်အားအနည်းအများနဲ့ မဆိုင်ဘဲ စည်းလုံးညီညွတ်ပြီး အရည်အချင်းကသာ အဓိက ဖြစ်ကြောင်း သက်သေထူနိုင်ခဲ့ပြီး အဖွဲ့သားအချင်းချင်း သံယောဇဉ်တွေ နဲ့ ကူညီရိုင်းပင်းကြပြီး ဘယ်လို အခက်အခဲတွေကို ကျော်လွှားကြမလဲ။ ဗိုလ်ချုပ် အချင်းချင်း မနာလိုယှဉ်ပြိုင်မုန်းတီးမှုတွေကရော ဘယ်လို အဆုံးသတ်သွားမလဲ။ Shin တစ်ယောက် အမြဲတမ်း အိပ်မက်မက်ခဲ့ရတဲ့ စစ်ဗိုလ်ချုပ် တစ်ယောက်ရော ဖြစ်နိုင်ပါ့မလား ဆိုဝာာတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုရမှာဖြစ်ပါတယ်။ စစ်ရေးစစ်ရာသဘောတွေနဲ့ action အမျိုးအစား ဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့ သူတွေအတွက် လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။