ယန်ဆွန်းဟိုဆိုတဲ့ရှေ့နေဟာ အဖေဖြစ်သူရဲ့အကြွေးတွေကိုဆပ်ပြီး အဖေကိုပြုစုနေတဲ့သူပါ။
သူ့ပါတနာဖြစ်တဲ့ ရှေ့နေရုံးကနေ သူ့ကို အမှုတစ်ခုလာအပ်ခဲ့ပါတယ်။ အမှုကတော့ အိမ်အကူက အိမ်ရှင်အဘိုးကိုသတ်တဲ့အမှုဖြစ်နေပြီး တရားခံဖြစ်သူဘက်ကလိုက်ပေးရမဲ့အမှုဖြစ်နေပါတယ်။
တရားခံအိုမီရန်ကတော့ ပေးစရာပိုက်ဆံမရှိတဲ့အတွက် အခမဲ့လိုက်ပေးရတဲ့အမှုဖြစ်နေပါတယ်။အဲဒီအမှုရဲ့မျက်မြင်သက်သေက အော်တစ်ဇင်ဖြစ်နေတဲ့ကျောင်းသူလေးတစ်ယောက်ပါ။
မျက်မြင်သက်သေကို မေးစရာတွေရှိပေမဲ့ အော်တစ်ဇင်သမားကိုဘယ်လိုချဉ်းကပ်ရမလဲမသိတာမလို့ ယန်ဆွန်းဟိုအခက်တွေ့နေခဲ့ပါတယ်။ အမှုကိုလိုက်ရင်းနဲ့ ယန်ဆွန်းဟိုတစ်ယောက် ဘာတွေသိလာရမလဲ? အမှုကရော သာမန်အမှုပဲလား?
ဒီကားလေးကိုအညွှန်းနဲ့ဘာသာပြန်ဆိုသူကတော့ Huihui ဖြစ်ပါတယ်။