6.0
148,495
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3 GB

Credit

200

The Other Woman (2014)

Comedy, Romance

Credits 200

ညှို့အားပြင်း မင်းသမီး ကင်မရွန်းဒီယာ့ဇ် (Cameron Diaz) ၊ နှုတ်ခမ်းဖျားကမှဲ့လေးနဲ့ ချစ်စဖွယ်ဆွဲဆောင်နိုင်သော အလှပိုင်ရှင် Vogue Model ကိတ်အပ်(ပ)တန် (Kate Upton) တို့နဲ့အတူ 17 Again, This is 40 စတဲ့ဇာတ်လမ်းများမှ နံမည်ကြီး မင်းသမီး လက်(ဇ)လီမန်း (Leslie Mann) တို့ပါဝင်သော The Other Woman က PG-13 အဆင့် ဟာသနှောတဲ့ အိမ်ထောင်ရေးပညာပေးဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ထက်မြက်ပြီးချောမောလှတဲ့ Carly , ရိုးအတဲ့ဇနီးချော Kate ,ခပ်ချောချောကောင်မလေး Amber တို့ သုံးယောက်က လူရှုပ်လူပွေ တစ်ဦးဖြစ်တဲ့ Kate ရဲ့ ခင်ပွန်း Mark နဲ့ တပြိုင်တည်း ပတ်သတ်မိကြပါတယ်။ အိမ်ထောင်ရေးသာမက စီးပွားရေးလောကမှာပါ လိမ်လည်ကောက်ကျစ်တဲ့ Mark ကို ဂလဲ့စားချေဖို့ အဲ့ဒီ အမျိုးသမီး ၃ယောက်ပူးပေါင်းသွားတဲ့အခါ သူတို့ အကွက်ချပြီး ကြိုးစားမှုတွေ အောင်မြင်ပါ့မလား... မကောင်းတဲ့ဗီဇကြောင့် မိန်းမမရှုပ်ရရင်မနေနိုင်တဲ့ ယောကျာ်းတစ်ယောက် နဲ့ပတ်သတ်ပြီး ကိုယ်ချင်းစာမှုတွေနဲ့တည်ဆောက်ထားတဲ့ သူတို့ ၃ယောက်ရဲ့ခင်မင်မှုကရော ကြာရှည်တည်မြဲပါ့မလား..နောက်ဆုံးမှာရော ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစား ကြည့်ရှုကြပါလို့ တိုက်တွန်းလိုပါတယ်။ အဲ့ဒီ ရုပ်ရှင်မှာ Bonus အနေနဲ့ ရပ်(ပ်) အဆိုတော် Nicki Minaj ရဲ့ သရုပ်ဆောင်မှုများကိုပါ ကြည့်ရမှာပါ။