6.5
1,332
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.7 GB

Credit

200

Northern Limit Line (2015)

Drama, War

Credits 200

ဒီတစ်ခေါက် တင်ဆက်ပေးသွားမယ့် ရုပ်ရှင်ကတော့ လုံးဝကို မကျော်သွားသင့်တဲ့ ကျော်သွားမရတဲ့ ဇာတ်ကားတစ်ကားပါ ။ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားကာလအတွင်း မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားကြား ရေကြောင်းနယ်နမိတ် ဖြစ်ရပ်မှန် စစ်ပွဲ ကို ရိုက်ကူးထားတဲ့ အရမ်းကို မိမိုက်တဲ့ ကိုရီးယား war movie အမျိုးအစား‌ပါ။ ဒီ ဇာတ်ကားလေးထဲမှာ တောင်ကိုရီးယား ရေတပ် တပ်သားတွေရဲ့ ညီအစ်ကို သံယောဇဉ်ကိုလဲ ပေါ်လွင်အောင် ရိုက်ကူးပြထားပြီး ရိုက်ကွင်းရိုက်ကွက် သရုပ်ဆောင်တွေကလဲ တကယ်ကို မိမိုက်နေတာပါ။ ဒီ့အပြင် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးလဲ ဖြစ်လို့ အပြင်မှာ တကယ် ဒီလိုပါလား ဆိုပြီး ဝမ်းနည်းစရာ ခံစားချက်ကိုလဲ ဒီရုပ်ရှင်ကို ကြည့်ရင်း ခံစားမိစေမှာ‌ဖြစ်ပါတယ်။ အဆုံးထိကြည့်ရင်း ဒီရုပ်ရှင်ရဲ့ တကယ့်ဖြစ်ရပ်မှာ ပါရှိတဲ့ တောင်ကိုရီးယား ကင်းလှည့်သင်္ဘော ၃၅၇ ရဲ့ တပ်သားတွေကိုလဲ မလေးစားဘဲ မနေနိုင်လောက်အောင်ကို ဖြစ်မိစေမှာပါ။ ဒီရုပ်ရှင်က war movie တွေ ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေ အတွက်တော့ highly recommend ဖြစ်တာကြောင့် သေချာပေါက် အချိန်ပေးပြီး ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။