6.0
29,762
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

3.5 GB

Credit

500

Relic (2020)

Drama, Horror, Mystery

Credits 500

ကေးနဲ့သူ့သမီးဆမ်တို့ဟာကေးရဲ့အသက်ရှစ်ဆယ်မိခင်ကြီးအက်နာအိမ်မှထွက်သွားပြီးပြန်မလာတဲ့အတွက်အိမ်နီးနားချင်းတွေအကူအညီနဲ့ပြည်နယ်ရဲစခန်းကဖုန်းဆက်အကြောင်းကြားတာကိုလက်ခံရရှိခဲ့တယ်။အဲဒီနောက်မှာသူတို့သားအမိဟာမိခင်ကြီးအက်နာရဲ့ကျေးလက်အိမ်ဆီရောက်လာခဲ့ကြတယ်။သူတို့ရောက်ပြီးသိပ်မကြာခင်မိခင်ကြီးအက်နာပြန်ရောက်လာခဲ့တယ်။ဒါပေမယ့်အမူအယာနဲ့အပြုအမူတွေပုံမှန်မဟုတ်ပဲထူးခြားလာတဲ့မိခင်ကိုသာမာန်အသက်အရွယ်ကြောင့်သူငယ်ပြန်တာလို့ကေးကထင်နေခဲ့တယ်။ သူတို့အိမ်ထဲမှာအမျိုးအမည်မသိတဲ့အမှောင်ရိပ်တစ်ခုကလွှမ်းမိုးနေတာကိုလဲသူတို့အမှတ်မထင်နံရံပေါ်ကအမဲအစွန်းအထင်းတွေကြောင့်သတိထားမိခဲ့ကြတယ်။ကေးကသူ့မိခင်ထွက်သွားရတဲ့အကြောင်းရင်းမှန်ကိုမေးပေမယ့်အမြဲတမ်းဖုံးကွယ်ဖြေဆိုတာကိုကြားလာရတဲ့အခါထိုဖုံးကွယ်ထားတဲ့အရာတွေကိုကေးတစ်ယောက်စုံစမ်းဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်။ကေးရဲ့သမီးဆမ်ကရောသူ့အဖွားအကြောင်းအိမ်နီးချင်းတွေဆီကဘာတွေပြန်ကြားရမှာလဲ။သူတို့အိမ်ထဲမှာရှိနေတဲ့အမှောင်ထုကရောဘယ်လိုရှိနေတာလဲ။ကေးတို့မိသားစုနဲ့အဲဒီအမှောင်ထုကဘယ်လိုပတ်သက်ဆက်နွယ်နေတာလဲ။ကေးရဲ့အမေအက်နာဆိုတဲ့အမျိုးသမီးကြီးကရောဘာလို့အိမ်ကနေထွက်ထွက်သွားနေရတာလဲဆိုတာတွေကိုဇာတ်ကားထဲမှာပဲကြည့်ရှုပေးကြပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Myomyo Nyo Win ဖြစ်ပါတယ်