6.7
4,444
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.5 GB

Credit

200

Confidential Assignment (2017)

Action, Comedy, Drama

Credits 200

ဒီကားလေးကတော့ ၂၀၁၇က ထွက်ရှိခဲ့တဲ့ မင်းသား Hyun Bin ရဲ့ အက်ရှင်ဇာတ်လမ်းလေးပါ။ အင်ချောယောင်း (Hyun Bin) ဟာ မြောက်ကိုရီးယား အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က အရာရှိတစ်ယောက်ပါ။ ဒါပေမဲ့ အထက်အရာရှိရဲ့ နောက်ကျောဓားနဲ့ထိုးမှုကို ခံလိုက်ရပြီး ဇနီးဖြစ်သူနဲ့ ရဲဘော်ရဲဘက်တွေကို ဆုံးရှုံးလိုက်ရတယ်။ အဲဒီအရာရှိက ငွေစက္ကူအတုထုတ်ရာမှာသုံးတဲ့ ငွေစက္ကူပုံစံပြားတွေကိုယူပြီး တောင်ကိုရီးယားကို ထွက်ပြေးသွားတာကြောင့် ချောယောင်းတစ်ယောက် တောင်ကိုရီးယားအထိလိုက်ပြီး ပုံစံပြားတွေကို ပြန်ယူရဖို့ဖြစ်လာခဲ့တယ်။ တောင်ကိုရီးယားရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး တရားခံကိုဖမ်းရမယ့် ၃ရက်တာ လျှို့ဝှက်စစ်ဆင်ရေးကာလအတွင်းမှာ ချောယောင်းရဲ့ ပါတနာဖြစ်လာသူကတော့ အမြဲတမ်း အလွဲတွေနဲ့ တိုင်ပတ်နေတတ်တဲ့ စုံထောက် ဂန်ဂျင်းထယ်ဆိုသူပါပဲ။ စုံထောက် ဂန်ဂျင်းထယ်ကို အမျိုးသားထောက်လှမ်းရေးက ချောယောင်းကို သေချာစောင့်ကြည့်ပြီး မြောက်ကိုရီးယားရဲ့ စစ်ဆင်ရေးနောက်ကွယ်က တကယ့်ရည်ရွယ်ချက်အစစ်ကို ဖော်ထုတ်ဖို့ တိတ်တဆိတ် တာဝန်ပေးခဲ့တယ်။ အမိန့်နဲ့ လက်စားချေလိုစိတ်ကြားက အားပြိုင်မှု၊ တောင်နဲ့မြောက် စုံထောက်နှစ်ယောက်ကြားက အစွဲတွေနဲ့ သံသယတွေ၊ အလွဲတွေကြားမှာမှ သူတို့နှစ်ယောက်မှာ ရဲဘော်ရဲဘက်စိတ် ဘယ်လိုရှင်သန်ပေါက်ဖွားလာပြီး စစ်ဆင်ရေးအောင်မြင်အောင် ဘယ်လိုကြိုးပမ်းကြမှာလဲဆိုတာကို Confidential Assignment ဆိုတဲ့ ဇာတ်လမ်းလေးမှာ ကြည့်ရှုခံစားနိုင်ပါပြီ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ June Rose ဖြစ်ပါတယ်