6.6
4,002
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

5 GB

Credit

500

Arahan (2004)

Action, Comedy, Fantasy

Credits 500

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Arahan လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ၂၀၀၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Action, Comedy, Fantasy အမျိုးအစား ကိုးရီးယားသိုင်းကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက အတောမသတ်နိုင်တဲ့ လောဘစိတ်ကြောင့် သိုင်းပညာရှင်တွေကြားက ပဋိပက္ခတွေဖြစ်ခဲ့ကြပြီး အဲဒီပြဿနာကိုဖြေရှင်းဖို့အတွက် အရဟံလို့ခေါ်တဲ့ အဆုံးမဲ့ဉာဏ်အလင်းကိုရရှိစေတဲ့ သော့ချက်ကို ဆရာခုနှစ်ဖော်က မသမာတဲ့လူတွေလက်ထဲမရောက်အောင် လျှို့ဝှက်စွာထိန်းသိမ်းလာခဲ့ကြပါတယ်။ ဒီဘက်ခေတ်ကိုရောက်တော့ ဆရာမူအန်မှာ စတိုးဆိုင်မှာ အလုပ်လုပ်နေတဲ့ အူဂျင်းဆိုတဲ့သမီးလေးတစ်ယောက်ရှိပါတယ်။ အူဂျင်းဟာ သူ့အဖေဆီက သိုင်းပညာတွေအမွေရထားပြီး မတရားမှုမြင်ရင် လက်ပိုက်ကြည့်မနေတတ်သူပါ။ တစ်နေ့မှာတော့ ယူဂျင်းဟာ ပိုက်ဆံအိတ်လုပြေးသွားတဲ့ ဆိုင်ကယ်သမားကိုလိုက်ဖမ်းရင်း ရဲသားဆောင်ဝန်ကို မတော်တဆထိခိုက်အောင် လုပ်မိသွားပါတယ်။ အဲဒီတော့ အူဂျင်းဟာ ဆောင်ဝန်ကို အိမ်ကိုခေါ်လာခဲ့ပြီး သူ့အဖေက ဒဏ်ရာကုပေးဖို့လုပ်ရင်းကနေ ဆောင်ဝန်ဆီမှာ အရမ်းကိုအားကောင်းတဲ့"ချီ"စွမ်းအင်တွေ ရှိနေတာကို သတိထားမိသွားပါတယ်။ ဒီတော့ ဆောင်ဝန်ကို သူတို့တစ်သက်လုံး စောင့်စားလာခဲ့တဲ့ မူရူချီပဲဆိုပြီး မြေတောင်မြှောက်ပေးဖို့ သိုင်းပညာတွေ သင်ကြားပေးပါတော့တယ်။ တစ်နေ့မှာတော့ ဆောက်လုပ်ရေးလုပ်သားတွေရဲ့ စပ်စုချင်စိတ်ကြောင့် မြေအောက်ထဲမှာ နှစ်ပေါင်းများစွာအကျဉ်းချထားတဲ့ သိုင်းပညာရှင်ကြီးတစ်ယောက် လွှတ်မြောက်လာပြီး သော့ချက်ကိုလုယူဖို့ကြိုးစားလာတဲ့အခါ ဆောင်ဝန်၊ ယူဂျင်းနဲ့ ဆရာခုနှစ်ဖော်တို့က ဘယ်လိုကာကွယ်သွားကြမလဲဆိုတာကိုစိတ်ဝင်တစားကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MCEC ဖြစ်ပါတယ်