5.5
5,600
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

2.9 GB

Credit

500

The Power (2021)

Drama, Fantasy, Horror

Credits 500

Horror & Thriller ဇာတ်ကားကောင်းကောင်းလေးကို မျှော်လင့်နေတဲ့ပရိသက်ကြီးအတွက်ကတော့ သတင်းကောင်းပါပဲ။ ၂၀၂၁ခုနှစ် ဧပြီ ၈ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ The Power ကတော့ သရဲကားပရိသက်ကြီးအကြိုက်နဲ့ကွက်တိကျမှာသေချာပါတယ်။ သမိုင်းကြောင်းအမှန်အပေါ်မှာ ဇာတ်အိမ်တည်ထားတဲ့ The Power ဇာတ်ကားထဲမှာတော့ ၁၉၇၄ခုနှစ် ဇန်နဝါရီလမှာ အင်္ဂလန်နိုင်ငံအတွင်းဆင်းရဲငတ်မွတ်မှုများပြားလာတဲ့အတွက် မိုင်းတွင်းအလုပ်သမားတွေရဲ့ သပိတ်မှောက်ခဲ့ကြခြင်းနဲ့အစပျိုးထားပါတယ်။ ဒါကြောင့် လန်ဒန်အပါအဝင်မြို့အတော်များများမှာ အချိန်ပိုင်းလျှပ်စစ်ဓာတ်အားပြတ်တောက်မှုများရှိလာပါတယ်။ ဗာလေရီဟာမိဘမဲ့တစ်ယောက်ဖြစ်ပြီး ကြင်နာတတ်တဲ့မိန်းကလေးတစ်ဦးဖြစ်တဲ့နည်းတူ ငယ်စဉ်ကတည်းကသူနာပြုကောင်းတစ်ယောက်ဖြစ်ချင်ခဲ့သူပါ။ ဒါကြောင့် သူ့ရဲ့အိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့ လန်ဒန်အရှေ့ပိုင်းတော်ဝင်ဆေးရုံမှာ သူနာပြုအကူအဖြစ်အလုပ်လျှောက်ခဲ့ပါတယ်။ ဒါပေမယ့် သူပထမဆုံးအလုပ်စဝင်တဲ့နေ့ဟာ ဆေးရုံကိုညပိုင်းဓာတ်အားဖြတ်တောက်မှာဖြစ်တဲ့အတွက် လိုအပ်တဲ့လူနာတွေနဲ့ဆရာဝန်တွေအကုန် ဗဟိုဆေးရုံကြီးကိုပြောင်းရွှေ့ရမယ့်နေ့ဖြစ်နေခဲ့ပါတယ်။ ကံဆိုးသူဗာလေရီဟာ တင်းကြပ်တဲ့သူနာပြုအုပ်ရဲ့အရှေ့မှာပဲ စည်းမျဉ်းအချို့ကိုချိုးဖောက်မိတဲ့အတွက် ဆေးရုံကိုညပိုင်းဂျူတီစောင့်ရမယ့်သူစာရင်းထဲပါသွားခဲ့ပါတယ်။ နဂိုထဲကမှအမှောင်ကိုကြောက်သူဗာလေရီဟာ ဆေးရုံမှာရှိနေတဲ့ပရလောကဝိဉာဉ်ရဲ့ ပစ်မှတ်ဖြစ်သွားခဲ့တဲ့နောက်မှာတော့... တစ်ညတာဓာတ်အားပြတ်တောက်မှုအတောအတွင်း အညှိုးကြီးမားတဲ့ဝိဉာဉ်၊ ဘယ်လိုကြောက်မက်ဖွယ် သည်းထိတ်ရင်ဖိုအဖြစ်အပျက်တွေနဲ့ဗာလေရီရင်ဆိုင်ရမလဲ... ဒီဇာတ်ကားအတွက်ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။