6.2
4,708
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

5 GB

Credit

500

Double World (2020)

Action, Adventure, Fantasy

Credits 500

၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ Action, Adventure, Fantasy အမျိုးအစား ရှေးခေတ်တရုတ်ကားလေးပါ Super Junior M အဖွဲ့ဝင်အဖြစ် ပွဲဦးထွက်ခဲ့တဲ့ Kpop အဆိုတော် Henry က Dong Yilong ဆိုတဲ့ ဇာတ်ကောင်နေရာကနေ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ Southern Zhao နဲ့ Northern Yan တိုင်းပြည်နှစ်ခုကြားက တိုက်ပွဲတွေဟာ နှစ်ပေါင်းများစွာ ဖြစ်ပွားလာခဲ့ပြီးတဲ့နောက်မှာတော့ နှစ်နိုင်ငံလုံး ငြိမ်းချမ်းရေးယူခဲ့ကြပါတယ် ဒါပေမယ့် Northern Yan တိုင်းပြည်မှာ ဘုရင်အသစ် နန်းတက်လာပြီးတဲ့နောက်မှာတော့ သူတို့ဘက်ကနေ စစ်ပွဲကို ပြန်အစပြုဖို့ ကြံစည်လာခဲ့ပါတယ် ဒါကြောင့်မို့ Southern Zhao တိုင်းပြည်ဘက်ကလည်း ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ စစ်သည်တော်ရွေးချယ်ပွဲ ကျင်းပဖို့အတွက် မျိုးနွယ်စုတစ်ခုစီကနေ စစ်သည်သုံးယောက် ပြိုင်ပွဲဝင်ဖို့အတွက် လွှတ်ပေးဖို့ အမိန့်ပေးခဲ့ပါတယ် မျိုးနွယ်စုတွေကနေ ရွေးချယ်ပေးလိုက်တဲ့စစ်သည်တွေက ပြိုင်ပွဲကို ဘယ်လိုယှဉ်ပြိုင်ကြမလဲ၊ ပြည်သူတွေ စိုးရိမ်နေကြတဲ့စစ်ပွဲကိုရော တားဆီးနိုင်ပါ့မလားဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ စိတ်ကူးယဉ်ဆန်ဆန်ရိုက်ကူးထားတာဖြစ်လို့ အမိုက်စားရိုက်ချက်တွေကိုလည်း ကြည့်ရှုရမယ့်အပြင် အဖွဲ့ဝင်အချင်းချင်းကြား သံယောဇဉ်တွေ၊ အနစ်နာခံပုံတွေကို ကြည်နူးဝမ်းနည်းစရာ ခံစားကြည့်ရှုရမှာမို့ အကြိုက်တွေ့မှာသေချာပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Moh Moh ဖြစ်ပါတယ်