7.5
9,384
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.8 GB

Credit

200

Il Mare (2000)

Drama, Fantasy, Romance

Credits 200

၂၀၀၀ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်လမ်းလေးကတော့ Legends of Blue Sea, My Love from another Star တို့က မင်းသမီး ဂျွန်ဂျီဟျွန်းရဲ့ စိတ်ကူးယဥ် အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အေးအေးငြိမ့်ငြိမ့် ဇာတ်အိမ်မျိုးကြိုက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်လမ်းလေးပါ။ ဆွန်းဟျွန်းက ရေကန်ဘေးမှာရှိတဲ့ 'အီလ် မာရယ်' ဆိုတဲ့ အိမ်ကလေးကို ပြောင်းလာသူပါ။ ဒါပေမဲ့ ဆောက်ပြီးကာစ အသစ်စက်စက် အိမ်ကလေးရဲ့ စာတိုက်ပုံးထဲမှာ စာတစ်စောင်ရှိနေတာကို တွေ့ခဲ့ရတယ်။ စာကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ လာမယ့် ၂နှစ်တာကာလမှာ ရှိနေတဲ့ အမျိုးသမီးဆီက ပို့လာတဲ့စာ ဖြစ်နေခဲ့တယ်။ ဆွန်းဟျွန်းက အမျိုးသမီး လိပ်စာမှားပို့တာလားဆိုတဲ့အတွေးနဲ့ စာပြန်ရာကနေ နှစ်ယောက်သား အပြန်အလှန် ပုံမှန် စာအဆက်အသွယ် လုပ်ဖြစ်သွားခဲ့တယ်။ ဒီလိုနဲ့ ထူးဆန်းတဲ့ ၂နှစ်တာ အချိန်ကွာဟမှုကို အဖြေရှာရင်း စာတိုက်ပုံးကြောင့်ဆိုတာကို သိလိုက်ရပါတော့တယ်။ စာလေးတွေ ဖလှယ်ရင်းကနေ စခဲ့တဲ့ အချိန်စက်ဝန်းတစ်ခုစီက သူတို့နှစ်ယောက် မိတ်ဆွေအဖြစ်ပဲ ဆက်ရှိသွားမလား၊ တကယ်ဆုံစည်းကြမလားဆိုတာကို Il Mare ဆိုတဲ့ ဇာတ်လမ်းလေးမှာ ကြည့်ရှုခံစားနိုင်ပါပြီ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ JuneRose ဖြစ်ပါတယ်