လောင်းကစားနတ်ဘုရားရဲ့ တပည့်နှစ်ယောက်ထဲက ရှင်းကိုတော့ အရှေ့အပိုင်းတွေမှာ သိခဲ့ကြပြီးဖြစ်မှာပါ။ ဒီအပိုင်းကတော့ ရှင်းရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရှင်းဆိုတာနဲ့ သူနဲ့အမြဲအတူတူရှိနေကြ သူ့ဦးလေးတက်ကတော့ မပါမဖြစ်ပါ။ သူ့ဦးလေးက ရှင်းမှာ သဘာဝလွန်စွမ်းအားတွေရှိနေတာကို မသိပါဘူး ။ သတိထားမိသွားတဲ့အခါမှာတော့ အဲဒီစွမ်းအားကိုအသုံးချပြီး သူ့တူ ရှင်းကို လောင်းကစားလောကထဲ ဘယ်လိုတွန်းပို့သွားမလဲ။ စွမ်းအားရှိတာကလွဲပြီး ကျန်တဲ့နေရာမှာ တုံးတုံးအအနဲ့နေတတ်တဲ့ ရှင်းကရော လှည့်ဖျားမှုတွေနဲ့ လောင်းကစားလောကထဲမှာ ဘယ်လိုရှင်သန်သွားမလဲ။
ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။