ဒီ တစ်ခေါက်မှာတော့ ဂြိုဟ်သားတွေနဲ့ လူတွေရဲ့ အားပြိုင်မှုတွေကို ကြိုက်နှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။
ဒီ ဇာတ်ကားက ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ၁၉၅၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ သိပ္ပံရုပ်ရှင်ဇာတ်ကားကို ပြန်လည် ရိုက်ကူးထားတဲ့ The Day The Earth Stood Still ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။
ဟယ်လင်ဘန်ဆန် ဆိုတဲ့ နက္ခတ္တဇီဝပညာရှင်ဟာ တစ်ရက်မှာ ကမ္ဘာပေါ် ကျရောက်လာမယ့် ခြိမ်းခြောက်မှုတစ်ခုကို ကူညီဖြေရှင်းပေးဖို့ နေအိမ်ကို လာရောက်ခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။ သွားတဲ့လမ်းမှာ အလားတူ သိပ္ပံပညာရှင်များ ခေါ်ဆောင်ခံလာရတာကို သိသွားတဲ့အချိန် အဲဒီ ခြိမ်းခြောက်မှုကဘာလဲဆိုတာ သိသွားပြီး ဖြေရှင်းဖို့ ကြိုးစားကြပါတော့တယ်။
တကယ်တမ်း ဒီ ခြိမ်းခြောက်မှုက ကမ္ဘာပေါ်ကို ကျရောက်လာတဲ့အခါမှာ သူတို့ထင်ထားသလို သူတို့ကို အန္တရာယ်ပြုဖို့လား ကယ်တင်ဖို့လားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ပေးကြပါဦးဗျ။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Arthur ဖြစ်ပါတယ်