5.8
138,156
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3 GB

Credit

200

The Break-Up (2006)

Comedy, Drama, Romance

Credits 200

ကားဟောင်းကြိုက်တဲ့သူတွေအတွက် 2006 ခုနှစ်က ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အတူနေစုံတွဲတွေကြားမှာ ဖြစ်တတ်တဲ့ နားလည်မှုလွဲတာတွေ type မတူတာတွေ ပြဿနာတွေကိုပုံဖော်ထားပါတယ်။ ဂယ်ရီနဲ့ဘရွတ်တို့က အားကစားပွဲတစ်ခုမှ ဆုံရာကနေ ချစ်သူဖြစ်သွားပြီး ကွန်ဒိုမှာ အတူနေခဲ့ပါတယ်။ နှစ်ဘက်မိဘမောင်နှမတွေပါ ပတ်သက်လာတာပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်က လုံးဝ ပုံစံမတူ အကြိုက်မတူတဲ့အတွက် မကြာခဏဆိုသလို စကားများတတ်ပါတယ်။ ဂယ်ရီက ဖြစ်ကတတ်ဆန်းနေတာမျိုး ဂိမ်းအရမ်းဆော့တာမျိုးကို ဘရွတ်ကသဘောမကျသလို ဂယ်ရီဘက်ကလည်း ပွစိပွစိအမြဲလုပ်တယ်ဆိုပြီး မကြိုက်ပါဘူး။ ဒီလိုနဲ့ ပြတ်တောက်လုဆဲ‌ဆဲ သူတို့ဆက်ဆံရေးက ပိတ်ရက်မိသားစုတွေ အလည်လာပြီးတော့ လုံးဝပြတ်တောက်သွားပါတယ်။ ထုံးစံအတိုင်း ဘရွတ်က သူကြိုးစားလုပ်ပေးတာတွေအတွက် အသိအမှတ်ပြုခံချင်တာကို ဂယ်ရီက နားမလည်တော့ စကားများပြီး လမ်းခွဲလိုက်ကြပါတယ်။ အဲ့မှာ ကွန်ဒိုကို တစ်ဝက်စီပိုင်တယ်ဆိုပြီး လုကြပါလေရော။ နှစ်ယောက်သားက သူငယ်ချင်းတွေ မောင်နှမတွေပါခေါ်ပြီး စိတ်ထင်ရာလုပ်ရာကနေ သူတို့ရဲ့ ပြတ်တောက်သွားတဲ့ ဆက်ဆံရေးကို ပြန်ဆက်နိုင်မလား ကိုယ့်လမ်းကိုယ်လျှောက်ကြမလားဆိုတာ အားပေးလို့ရပါပြီ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်