7.3
223,195
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.6 GB

Credit

100

Revolutionary Road (2008)

Drama, Romance

Credits 100

ဒီဇင်ဘာ 20 Movies Request တုန်းက ဘာသာပြန်ပီးတင်ပေးဖို တောင်းဆိုထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Revolutionary Road လေးကို Blu-ray 1080p Quality နဲ့တင်ပေးလိုက်ပါပီ Revolutionary Road ဆိုတဲ့ဇာတ်ကားလေးက အိမ်ထောင်ရေးဇာတ်လမ်းဖြစ်ပြီး Titanic ဇာတ်ကားကသရုပ်ဆောင်တွေဖြစ်တဲ့ Leonardo DiCaprio နဲ့ Kate Winslet တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဖရန့်ခ် (Leonardo DiCaprio) နဲ့ အေပရယ် (Kate Winslet) တို့က Revolutionary လမ်းမှာနေကြတဲ့လင်မယားတွေပါ။ တစ်နေ့မှာတော့ အေပရယ်က အကြံတစ်ခုရခဲ့​ပြီး သူ့အကြံက အိမ်နဲ့ကားကိုရောင်း ယောက်ျားဖြစ်သူ ဖရန့်ခ်လည်း အလုပ်ကထွက်ပြီး ပဲရစ်ကိုသွားမယ်။ ပဲရစ်မှာ အေပရယ်ကပဲ အတွင်းရေးမှူးအလုပ်လုပ်ပြီး ဖရန့်ခ်ကကိုယ်ဝါသနာပါတဲ့အလုပ်ကိုရှာပေါ့။ ဒါပေမဲ့ ဖရန့်ခ်က လက်ရှိလုပ်နေတဲ့အလုပ်မှာ ရာထူးတိုးပြီး အေပရယ်က ကိုယ်ဝန်ရှိလာတဲ့အခါမှာတော့ ဖရန့်ခ်က ပဲရစ်ကိုသွားဖို့သဘောမတူတော့တဲ့အတွက် လင်မယားနှစ်​ယောက်ရန်တွေဖြစ်ပြီး ဘာတွေဆက်ဖြစ်မလဲ...ဒီဇာတ်ကားလေးက အိမ်ထောင်ရေးဇာတ်လမ်းဖြစ်တဲ့အတွက် ဇာတ်လမ်းဇာတ်အိမ်ကအေးအေးလေးဖြစ်ပြီး အနှစ်သာရရှိတဲ့အတွက် အကြိုက်တွေ့စေမှာပါ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Fiona ဖြစ်ပါတယ်