Grown Ups ဆိုတဲ့ကားလေးက ၂၀၁၀ ခုနှစ်က ထွက်ခဲ့တဲ့ အမေရိကန် comedy ရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ အလယ်တန်းတုန်းက အတူဘတ်စကတ်ဘောကစားခဲ့ကြတဲ့ သူငယ်ချင်း ၅ ယောက် သူတို့ရဲ့ နည်းပြဖြစ်သူ ဆုံးသွားကြောင်းကို ကြားသိပြီးနောက် ပြန်လည်ဆုံစည်းဖြစ်ခဲ့ကြပုံလေးပါ။
သူငယ်ချင်း ၅ ယောက်ဆိုပေမယ့် မတူကွဲပြားတဲ့ စရိုက်ကိုယ်စီ ရှိကြသူတွေဖြစ်ပြီး လက်ရှိမှာလည်း ကိုယ်ပိုင် မတူညီတဲ့ ဘဝအသီးသီးကို ပိုင်ဆိုင်ထားကြပါတယ်။
ဒါပေမယ့်ဒီလိုစရိုက်မတူသူ ၅ ဦးကပဲ ငယ်စဉ်က ကျောင်းဘတ်စကတ်ဘော ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိခဲ့ကြသူတွေ ဖြစ်ကြပါတယ်။ ဘတ်စကတ်ဘောလို အားကစားတစ်ခုကစားရာမှာ တစ်ဦးတစ်ယောက်တည်း ကောင်းနေရုံနဲ့ နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
တစ်သင်းလုံး တက်ညီလက်ညီ စိတ်တူကိုယ်တူနဲ့ အပေးအယူမျှမျှ ကစားရတာမျိုး ဖြစ်ပါတယ်။
ဒါပေမယ့်ဒီလို စရိုက်ချင်းမတူညီကြတဲ့ သူငယ်ချင်း ၅ ယောက်ကရော ဘယ်လိုကြောင့် ပြိုင်ပွဲမှာအနိုင်ရရှိခဲ့ကြတာလဲ?
သူတို့ ၅ ယောက်ရဲ့ တူညီတဲ့ အချက်ကရော ဘာဖြစ်နိုင်မလဲ?
နှစ်တွေအကြာကြီး ကွဲကွာနေတဲ့ ငယ်သူငယ်ချင်းတွေ ပြန်တွေ့တဲ့အခါမှာရော သူငယ်ချင်းသံယောဇဉ်က အရင်အတိုင်းပဲလား ပြောင်းလဲသွားမှာလား
ဆိုတာကတော့ ဇာတ်လမ်းလေးကိုပဲ ဆက်လက် ကြည့်ရှုလိုက်ကြပါနော်
ရုပ်ရှင်အညွှန်းကို Megumi မှ ရေးပေးထားပါတယ်