8.2
1,041,928
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.1 GB

Credit

200

The Sixth Sense (1999)

Drama, Mystery, Thriller

Credits 200

ဒေါက်တာ မယ်လ်ကွန်ဟာ စိတ်ဝေဒနာသည်ကလေးသူငယ်တွေကို ကုသပေးတဲ့ စိတ်ပညာရှင်တစ်ယောက်ပါ။ သူရဲ့ အားထုတ်မှုနဲ့ ကျွမ်းကျင်မှုကြောင့် မြို့တော်၀န်က ပေးတဲ့ ဂုဏ်ပြုဆု ရရှိထားသူလည်း ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ သူကုပေးရမယ့် လူနာကလေးတစ်ယောက်နဲ့ တွေ့ဆုံရာကစပြီး ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ‌ပေါ်ပေါက်လာတာပါ။ သူကုပေးရတဲ့ ကလေးငယ်က မိဘတွေကွာရှင်းထားပြီး မိခင်ဖြစ်သူနဲ့ အတူနေရတဲ့ကလေးပါ။ သူ့ရဲ့ အပြုအမူအပြောအဆိုတွေက ထူးဆန်းပြီး ထိတ်လန့်နေတာများတဲ့အတွက် အားလုံးက သူ့ကို ငကြောက်လို့ခေါ်ကြပါတယ်။ ဒါကြောင့် သူ့အမေက ဒေါက်တာမယ်လ်ကွန်ကို သူမကလေးနဲ့ တွေ့ပေးတာပါ။ လက္ခဏာ တွေအရ တခြားဝေဒနာသည်ကလေးတွေလို စိတ်ရောဂါသည်လို့ ထင်နေပေမယ့် တကယ်တမ်းက အဲ့ကလေးက ရောဂါသည်မဟုတ်ပါဘူး။ သူထူးထူးဆန်းဆန်းတွေ ပြောဆိုပြုမူနေတာ အကြောင်းရှိပါတယ်။ အဲ့ကလေးမှာ ဘယ်သူ့ကိုမှ ဖွင့်ဟပြောဖူးခြင်းမရှိတဲ့ လျှို့ဝှက်ချက်တစ်ခုရှိပါတယ်။ သူ့မိခင်ကိုတောင် မပြောပြဖူးပါဘူး။ ဒေါက်တာမယ်လ်ကွန်နဲ့ တွေ့ပြီးတဲ့ အချိန်မှာ ဒေါက်တာက သူ့ကို ကူညီနိုင်တဲ့သူလို့ ထင်နေပါတယ်။ ဒါ့ကြောင့် ဒေါက်တာကို သူ့ရဲ့ လျှို့ဝှက်ချက်ကိုပြောပြပါတော့တယ်။ ကလေးငယ်က တကယ်တော့ သေပြီးသားလူတွေကို မြင်နိုင်ပါတယ်တဲ့။ အဲ့လူတွေဟာ တစ္ဆေအဖြစ်နဲ့ တစ်ချိန်လုံး သူ့ဆီလာပြီး သူတို့လုပ်စေချင်တာကို ခိုင်းတာပါတဲ့။ ဒီလျှို့ဝှက်ချက်ကို ကြားပြီးတဲ့အခါမှာ ဒေါက်တာက ကလေးကို ဆက်ယုံကြည်နေဉီးမှာလား ၊ သူဘယ်လို ကူညီပေးမှာလဲ၊ ကလေးလေး ပြောပြနေတာ‌တွေကရော အမှန်တွေ ဖြစ်နိုင်ပါ့မလားဆိုတာကို အလှည့်အပြောင်းတွေနဲ့ ရသပေါင်းစုံ ခံစားပြီး သည်းထိတ်ရင်ဖိုစွာ ကြည့်လိုက်ကြရအောင်။ ဇာတ်လမ်းတစ်ခုလုံးမှာ လှည့်ကွက်တွေပါပြီး နောက်ဆုံးမှာ အဖြစ်မှန်ကို သိရရင် ဟာခနဲဟင်ခနဲဖြစ်သွားရမယ့် plot twist ပါတဲ့အတွက် ကြည့်ရတာ ရသတစ်ခုခုတာ့ ရရှိစေမှာပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်