4.7
50,507
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.5 GB

Credit

200

Freddy's Dead: The Final Nightmare (1991)

Fantasy, Horror

Credits 200

၁၉၈၉မှာထွက်ရှိခဲ့တဲ့ Freddy ရဲ့ Nightmare on Elm Streetစီးရီးရဲ့ ၆ပိုင်းမြောက်ဖြစ်တဲ့ The Final Nightmare မှာတော့ စိတ္တဇလူသတ်သမား Freddyဟာ စပရင်းဝုဒ်မြို့ကိုပြန်ရောက်လာပြီး မြို့ထဲမှာရှိသမျှ ကလေးနဲ့လူငယ်အားလုံးနီးပါးကို အိပ်မက်တွေထဲကနေတစ်ဆင့် လိုက်သတ်ပါတယ်။ အဲထဲကမှ ဂျွန်ဒိုးဆိုတဲ့ကောင်လေးကတော့ အသက်ရှင်လွတ်မြောက်လာခဲ့ပေမဲ့ အတိတ်မေ့သွားပြီး ဘာကြောင့်လွတ်လာတယ် သူဘယ်သူလဲဆိုတာကို မေ့သွားပါတယ် ။ ဒီလိုနဲ့ လူငယ်ခိုလှုံရေးစခန်းတစ်ခုကို ရောက်သွားပြီး လူငယ်တွေရဲ့ ပြဿနာတွေကိုဖြေရှင်းပေးတဲ့ ပညာရှင်တွေနဲ့အတူ သူ့ရဲ့နောက်ကြောင်းကို လိုက်ဖော်ထုတ်ကြရင်း စပရင်းဝုဒ်မြို့ကို ပြန်သွားဖို့ အကြောင်းဖန်လာတဲ့အခါ ဒီတစ်ခေါက်ရော ဂျွန်ဒိုးလွတ်မြောက်နိုင်ပါ့မလား။ ခိုလှုံရေးစခန်းကလူတွေနဲ့ရော Freddy က ဘယ်လိုအဆက်အစပ်တွေရှိနေမလဲ။ ဇာတ်ကားနာမည်အတိုင်း ဒီအပိုင်းက Freddy ရဲ့ဇာတ်သိမ်းဖြစ်သွားမလားဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။