4.0
1,530
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

3.4 GB

Credit

500

Ambush (2023)

Action, Thriller

Credits 500

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Ambush လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဗီယက်နမ်နဲ့ အမေရိကန်စစ်ပွဲကာလမှာ အမေရိကန်တပ်သားတွေ စစ်အင်ဂျင်နီယာတွေ ကြုံခဲ့ ဆောင်ရွက်ခဲ့ရတဲ့ မစ်ရှင်တွေ ဒုက္ခတွေကို ပုံဖော်ထားတဲ့ ကားဖြစ်ပါတယ်။ တောထဲမှာ စစ်စခန်းဆောက်ဖို့ ရောက်နေတဲ့ အထူးတပ်ဖွဲ့နဲ့ စစ်အင်ဂျင်နီယာတွေဟာ အရေးကြီးတဲ့ မစ်ရှင်တစ်ခု ပေးအပ်ခံရပါတယ်။ လျှို့ဝှက်အေးဂျင့်တွေနဲ့ နာမည်တွေ တည်နေရာ အသေးစိတ်အချက်အလက်တွေပါတဲ့ လယ်ဂျာလို့ ဖိုင်တစ်ခုကို ရန်သူတွေက အလစ်မှာ ဝင်စီးပြီး ယူသွားလို့ပါ။ရန်သူတွေက လျှို့ဝှက်လိုဏ်ခေါင်းက တစ်ဆင့် ဖိုင်ကို ယူသွားတာတွေ့ရပါတယ်။ အဲ့ဖိုင်ကို ပြန်ယူဖို့ မရရင် ဖျက်ဆီးခဲ့ဖို့ ဗိုလ်ချုပ်က အမိန့်ပေးတဲ့အတွက် တပ်သားတွေက အသက်နဲ့ရင်းပြီး မြေအောက်လိုဏ်ခေါင်းထဲကို ဆင်းယူရပါတယ်။ ဖိုင်တစ်ဖိုင်အတွက် တပ်သားရဲဘော်ရဲဘက်တွေ အသက်စွန့် ရှာဖွေပြီး သူတို့ မစ်ရှင် အောင်မြင်မလား ဘယ်သူတွေ အသက်ပေးလိုက်ရပြီး သူတို့ရဲ့ အနစ်နာခံမှုတွေ အသိအမှတ်ပြုခံရလားဆိုတာ ဆက်လက်အားပေးရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ် ပါတယ်