7.0
14,987
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

3.2 GB

Credit

500

Wheels on Meals (1984)

Action, Comedy, Crime

Credits 500

ဒီကားလေးကတော့ ၁၉၈၄ခုနှစ်ထွက် ဟောင်ကောင် အက်ရှင်ဟာသကားလေးဖြစ်ပါတယ် ဒီကားလေးမှာတော့ သောမတ်စ်(ဂျက်ကီချန်း)နဲ့ သူ့သူငယ်ချင်း ဒေးဗစ်က စပိန်နိုင်ငံမှာ food truckဆိုင်လေးတစ်ဆိုင် ဖွင့်ထားပါတယ်။ တစ်နေ့မှာတော့ ဒေးဗစ်ရဲ့ အဖေ့ကိုတင်ထားတဲ့ စိတ်ကျန်းမာရေးဆေးရုံမှာ သူတို့နှစ်ယောက်က ဆီးဗီးယားဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ အမှတ်မထင် တွေ့ခဲ့ပါတယ်။ ဆေးရုံမှာတွေ့ပြီး အပြင်မှာ နောက်တစ်ခေါက် ထပ်တွေ့တဲ့အချိန် အဲဒီကောင်မလေးက ပြည့်တန်ဆာလုပ်နေတယ်ဆိုတာကို သိလိုက်ရပါတယ်။ အဲဒါအပြင်ကို ပစ္စည်းလည်း ခိုးပါသေးတယ်။ အဲဒီကောင်မလေးနောက်ကို လိုက်နေတဲ့ အဖွဲ့နှစ်ဖွဲ့လည်း ရှိတာကို သိလိုက်ရတဲ့အခါ ဒေးဗစ်ရယ် သောမတ်စ်ရယ်က သူ့ကို လိုက်ပြီး ကူညီပေးပါတော့တယ်။ ဆီးဗီးယားနောက်ကို လိုက်နေတဲ့သူတွေက ဘယ်သူတွေလဲ၊ ဘာကြောင့် သူ့ကို လိုက်ဖမ်းနေတာလဲ၊ သောမတ်စ်နဲ့ ဒေးဗစ်တို့ကရော သူ့ကို ဘယ်လိုကူညီပေးကြမလဲဆိုတာတွေကို ဒီကားလေးမှာ ရှုစားပေးကြပါ။ ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်