5.4
115,318
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.8 GB

Credit

200

Red Riding Hood (2011)

Fantasy, Horror, Mystery

Credits 200

ဒီဇာတ်ကားကို စာရေးဆရာမ Sarah Blakley-Cartwright ရဲ့နာမည်ကျော် Red Riding Hood စာအုပ်ကိုအခြေခံပြီး ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးခဲ့ပါတယ်။Drama, Horror အမျိုးအစားဖြစ်ပြီးတော့ အားလုံးရဲ့အချစ်တော်မင်းသားကြီးLeonardo DiCaprio ကထုတ်လုပ်သူအဖြစ်ပါဝင်ခဲ့ပါတယ်။ဇာတ်ကားရဲ့ဒါရိုက်တာကတော့ Catherine Hardwicke ဖြစ်ပြီးခေါင်းဆောင်မင်းသမီးအဖြစ် မင်းသမီးချော Amanda Seyfried ကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားချော Lukas Haas နဲ့ မကြာသေးခင်ကမှ Oscar ဆုကိုရှရှိခဲ့တဲ့ မင်းသားကြီး Gary Oldman တို့က ဇာတ်ပို့သရုပ်ဆောင်များအဖြစ်ပါဝင်ထားပါတယ်။Horror Genre ဖြစ်လို့ ရုပ်ရှင်အကဲဖြတ်တွေအကြား ရေပန်းမစားခဲ့ပေမယ့်လည်း တကယ်ကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း —————————– Valerie ဟာ Daggerhorn လို့ခေါ်တဲ့ ရွာလေးမှာနေထိုင်တဲ့ မိန်းမပျိုလေးတစ်ဦးဖြစ်ပြီးတော့ အဲဒီရွာဟာ သမန်းဝံပုလွေတစ်ကောင်ရဲ့ နှောင့်ယှက်ခြင်းကိုခံနေရပါတယ်။သူဟာ မိဘမဲသစ်ခုတ်သမားလေး Peter နဲ့ရည်ငံနေပေမယ့် မိဘဖြစ်သူတွေက ချမ်းသာကြွယ်ဝတဲ့ပန်းပဲဆရာကြီးတစ်ဦးရဲ့သားဖြစ်သူ Henry Lazar နဲ့လက်ထက်ထိမ်းမြားဖို့ ကြောင်းလမ်းထားပြီးဖြစ်ပါတယ်။ဒါကြောင့်သူတို့ချစ်သူနှစ်ဦးက မခွဲနိုင်တာကြောင့် အတူထွက်ပြေးကြတဲ့ညမှာပဲ သမန်းဝံပုလွေဟာ Valerie ရဲ့အစ်မဖြစ်သူ Lucie ကိုသတ်ဖြတ်ပစ်လိုက်ပါတယ်။ဒါ့ကြောင့်လူအများဟာ သမန်းဝံပုလွေကို ရှာပုံတော့ဖွင့်ကြပါတော့တယ်။Valerie နဲ့ Peter တို့ရဲ့အချစ်ဇာတ်လမ်းကရော ဘယ်လိုဖြစ်မလဲ၊သမန်းဝံပုလွေကရော ဘယ်သူဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ကြပါ..။