ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Frozen ကိုရိုက်ကူးခဲ့တဲ့
ဒါရိုက်တာ Chris Buck ကပဲ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး Frozen ထဲက
နှင်းလူသားလေးလိုပဲ ထူးဆန်းပြီး ချစ်စရာကောင်းတဲ့အကောင်လေးတစ်ကောင်ကို
ထပ်ပြီးမြင်တွေ့ရမှာပါ။
ဇာတ်လမ်းလေးကတော့ မဂ္ဂနီဖီကိုဆိုတဲ့မှော်ဆရာကြီးဟာ ဆုတောင်းတွေအားလုံးကို
ဖြည့်ဆည်းပေးနေတဲ့ မှော်အစွမ်းကိုပိုင်ဆိုင်ထားတဲ့သူပါ။ သူဟာ ရို့ဆက်စ်တိုင်းပြည်ကြီးကို
တည်ထောင်ခဲ့ပြီး အနယ်နယ်အရပ်ရပ်က ရောက်လာသူတွေအားလုံးကို နွေးထွေးစွာ
ကြိုဆိုခဲ့ပါတယ်။ ဘုရင်ကြီးမဂ္ဂနီဖီကိုဟာ တစ်နှစ်တစ်ခါ ဆုတောင်းဖြည့်ပွဲကိုကျင်းပလေ့ရှိပြီး လူတွေရဲ့ဆုတောင်းတွေကို ဖြည့်ဆည်းပေးခဲ့ပေမယ့် လူတိုင်းကိုတော့မဟုတ်ပါဘူး။
ရို့ဆက်စ်တိုင်းပြည်ရဲ့ဓလေ့အရ အသက် ၁၈ ပြည့်သွားတာနဲ့ ဘုရင်ကြီးဆီမှာ
ကိုယ်ရဲ့ဆုတောင်းကိုပေးအပ်လိုက်ရပြီး ဘယ်တော့ဆုတောင်းပြည့်မလဲဆိုတာ
မျှော်လင့်နေရပါတယ်။ အာရှာဟာ ဘုရင်ကြီးဆီမှာ အမှုထမ်းဖို့ အင်တာဗျူးဖြေဆိုရမှာဖြစ်ပြီး
ဒီနှစ်မှာကျင်းပမယ့်ဆုတောင်းဖြည့်ပွဲမှာ အသက် ၁၀၀ ပြည့်ပြီဖြစ်တဲ့ သူ့အဘိုးရဲ့ဆုတောင်းကို
ပြည့်စေချင်နေတာပါ။
ဒါပေမဲ့ အာရှာဟာ ဘုရင်ကြီးဆီမှာ အင်တာဗျူးသွားဖြေရင်း
သိလိုက်ရတာက ဘုရင်ကြီးဟာ လူတွေရဲ့ဆုတောင်းတွေထဲက သူဆန္ဒရှိတဲ့သူရဲ့ဆုတောင်းကိုပဲ
ဖြည့်ဆည်းပေးတာဖြစ်ပြီး ကျန်တဲ့သူတွေရဲ့ဆုတောင်းတွေကို ဒီအတိုင်းသိမ်းဆည်းထားတယ်
ဆိုတာပါပဲ။ ထူးခြားတာတစ်ခုကတော့ ဆုတောင်းပေးအပ်လိုက်သူဟာ သူ့ရဲ့ဆုတောင်းကို
ထာဝရမေ့ပျောက်သွားပါတယ်။ အဲဒီတော့ အာရှာဟာ သူ့မိသားစုရဲ့ဆုတောင်းတွေကို
ဘုရင်ကြီးဆီကခိုးယူဖို့ကြိုးစားရင်းနဲ့ ဘာတွေတွေ့ကြုံရမလဲဆိုတာကို စိတ်ဝင်တစား
ကြည့်ရှုခံစားရမှာပါ။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MCEC ဖြစ်ပါတယ်