7.0
39,668
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3 GB

Credit

200

Ron's Gone Wrong (2021)

Animation, Adventure, Comedy

Credits 200

လူ့ပတ်ဝန်းကျင်ထဲမှာနေထိုင်ကြီးပြင်းရတဲ့ သင်တို့ဆီမှာ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းဆိုတာကတော့ အနည်းနဲ့အများတော့ရှိမှာပါ။ ခုလိုနည်းပညာတိုးတက်လာတဲ့ခေတ်ကြီးထဲမှာ အွန်လိုင်းသူငယ်ချင်းဆိုပြီးတော့လည်း ထပ်ပြီးတိုးလာပါသေးတယ်။ ပြောရရင်တော့ အွန်လိုင်းပေါ်မှာ Post လေးတွေ Like ပေးကြ၊ comment တွေဝင်ရေးကြ၊ myday ဝင်ကြည့်ကြနဲ့ခင်မင်သိကျွမ်းခဲ့တဲ့သူတွေပေါ့။ ဘယ်လိုပဲသူငယ်ချင်းအမျိုးအစားတွေအများကြီးရှိနေပါစေ အကောင်းဆုံးသူငယ်ချင်းဆိုတာကိုတော့ လူတိုင်းလိုချင်ကြမှာပါ။ သင့်ရဲ့သူငယ်ချင်းတစ်ယောက်ဖြစ်ခွင့်ရဖို့ ဘယ်လိုအရည်အချင်းတွေကိုသတ်မှတ်ချင်ပါသလဲ? သင်နဲ့အကြိုက်တူ စရိုက်တူမျိုးလား? ရုပ်ရည်လှပဖို့လိုတာလား? ဂုဏ်သတင်းကျော်ဇောဖို့လိုတာလား? နည်းပညာတွေအဆင့်မြင့်နေတဲ့ ကမ္ဘာကြီးမှာနေထိုင်တဲ့သင့်ကိုယ်သင်အထီးကျန်နေတယ်လို့ ခံစားနေရပြီလား? ဒီဇာတ်ကားလေးကတော့ အထက်မှာပြောခဲ့တဲ့စကားတွေအတွက်အတွေးတစ်ခုခုရသွားစေပါလိမ့်မယ်။ Ron’s Gone Wrong ဆိုတဲ့ animated movie လေးကို ၂၀၂၁ခုနှစ်၊ အောက်တိုဘာ ၁၅ရက်နေ့မှာထုတ်လွှင့်ခဲ့ပါတယ်။ ဒီဇာတ်ကားလေးမှာ ဘာနီပူဒိုစကီဆိုတဲ့ကောင်လေးဟာ အလယ်တန်းကျောင်းမှာတစ်ယောက်တည်း အထီးကျန်စွာဖြတ်သန်းနေရပါတယ်။ မိတဆိုးသားလေးကို ကောင်းကောင်းမွန်မွန်ထားနိုင်ဖို့ အလုပ်တွေကြိုးစားနေပေမယ့် မအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့အဖေရယ်၊ မြေးဖြစ်သူကိုအလွန်ချစ်ပြီး ဟာသဆန်တဲ့အဘွားတစ်ယောက်ရယ်ကတော့ ဘာနီရဲ့မိသားစုဝင်တွေပါပဲ။ ငွေကြေးအဆင်မပြေတာကြောင့် တစ်ခြားကလေးတွေလိုမျိုး ခေတ်နဲ့အညီလိုက်ပြီးမနေထိုင်နိုင်တဲ့ ဘာနီကိုကျောင်းမှာ ဘယ်သူမှအရေးတယူသူငယ်ချင်းလုပ်ချင်တဲ့သူမရှိကြပါဘူး။ ဒါပေမယ့် ဘာနီရဲ့၁၂နှစ်ပြည့်မွေးနေ့လေးမှာ သူ့ဘဝထဲကိုကံကောင်းခြင်းလေးတစ်ခုဝင်ရောက်လာခဲ့ပါတယ်။ သူများတွေလိုမျိုး ဘာဘလ်ကုမ္ပဏီကထုတ်တဲ့ ဘီဘော့တ်စက်ရုပ်လိုချင်ပေမယ့် မပြေလည်တဲ့မိသားစုကိုမတောင်းဆိုရက်တဲ့ဘာနီကို ဖခင်နဲ့အဘွားဖြစ်သူကသနားပြီး ဘာနီလိုချင်တဲ့ဘီဘော့တ်စက်ရုပ်ကိုဝယ်ပေးခွင့်ရအောင်ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဈေးကြီးလွန်းတဲ့ ဆိုင်ပေါ်ကစက်ရုပ်အကောင်းတွေကိုမဝယ်နိုင်တာမို့ လမ်းပေါ်ပြုတ်ကျလို့အက်ကွဲပြီး recycle လုပ်ပစ်တော့မယ့်ဘီဘော့တ်လေး ရွန်ကို ပါသမျှငွေတွေကုန်တင်ကားသမားကိုပေးကာ လဲလှယ်ဝယ်ယူခဲ့ကြပါတယ်။ ဘာနီဟာ အဖေနဲ့အဘွားဖြစ်သူဝယ်ပေးတဲ့ ဘီဘော့တ်ကိုသဘောကျလွန်းလို့ပျော်ရွှင်ခဲ့ပေမယ့် ခက်နေတာက ဘာနီ့ဆီရောက်လာတဲ့ရွန်က တစ်ခြားကလေးတွေရဲ့စက်ရုပ်နဲ့တူမနေခဲ့ပါဘူး။ အင်တာနက်လည်းချိတ်လို့မရသလို တစ်ခြားစက်ရုပ်တွေလုပ်လို့ရတဲ့ အချင်းချင်းဆက်သွယ်မှုတွေ၊ ပျော်ရွှင်စရာတွေတစ်ခုမှပါမနေခဲ့ပါဘူး။ ဘာနီဟာ သူ့ရဲ့စက်ရုပ်လေးကိုပျက်နေတယ်ထင်ပြီး ဆိုင်သွားပြန်လဲဖို့ကြိုးစားခဲ့ပေမယ့် လမ်းမှာပဲဘာနီကိုနောက်ပြောင်နေကျ ကျောင်းကသူငယ်ချင်းကို ရွန်ကဆော်လဘန်တေခဲ့ပါတယ်။ ဒီလိုနဲ့ရွန်ရဲ့လက်စလက်နကိုသဘောကျသွားတဲ့ ဘာနီကဆိုင်မသွားဖြစ်တော့ပဲ အိမ်ပဲပြန်ခေါ်လာခဲ့ပါတယ်။ စက်ရုပ်တစ်ရုပ်ဖြစ်ပေမယ့် ပုံမှန်စက်ရုပ်တွေထဲမှာပါတဲ့ကုဒ်တွေ စည်းမျဉ်းတွေမပါဘဲ ထူးထူးခြားခြားဖြစ်နေတဲ့ရွန်က အထီးကျန်နေတဲ့ဘာနီ့ဘဝထဲကို တစ်စတစ်စတိုးဝင်လာတဲ့အချိန်မှာတော့... ဒီဇာတ်ကားကိုအညွှန်းနဲ့ဘာသာပြန်သူကတော့ Erika Sean ဖြစ်ပါတယ်။